DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ်စာရင်းတွင် ရန်ကုန် ၆၉၈ ဦး၊ မန္တလေးနှင့်ဧရာဝတီက ၁၁၁ ဦးစီဖြင့် အများဆုံးတွေ့
DVB
·
November 9, 2020
ကိုဗစ်လူနာသစ်စာရင်းတွင် ရန်ကုန် ၆၉၈ ဦး၊ မန္တလေးနှင့်ဧရာဝတီက ၁၁၁ ဦးစီဖြင့် အများဆုံးတွေ့
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၀၂၉ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၆၉၈ ယောက်၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေက ၁၁၁ ယောက်စီနဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၃ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာ ၈၃ ယောက်၊ မရမ်းကုန်း ၇၈ ယောက်၊ သင်္ဃန်းကျွန်းအယောက် ၇၀ စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၁ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ်  ၁၆ ခုမှာ ၁၁၁ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၆ ခုမှာ ၁၁၁ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၁ ခုမှာ ၃၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၇ ခုမှာ ၃၆ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၂ ခုမှာ ၃ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၇ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၆ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၃ ယောက်၊  ရှမ်းပြည်နယ်မြို့နယ် ၄ ခုမှာ  ၄ ယောက်၊ နေပြည်တော်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ၁ ယောက်စီအသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၆၇ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း  ၆၁,၃၇၇ ယောက်၊ သေဆုံးသူ ၁,၄၂၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၅,၇၅၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၆ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၅ ဒသမ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013