DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၀၇၁ ဦးတွင် ရန်ကုန်က ၈၁၂ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
November 8, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၀၇၁ ဦးတွင် ရန်ကုန်က ၈၁၂ ဦးဖြင့် အများဆုံးတွေ့ရှိ
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၀၇၁  ယောက်ထဲမှာ ရန်ကုန်တိုင်းက ၈၁၂ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဥက္ကလာ ၁၁၃ ယောက်နဲ့ မင်္လာဒုံက ၆၂ ယောက်၊ လှိုင်သာယာ ၄၅ ယောက်၊ လှိုင်က ၄၄ ယောက် မရမ်းကုန်းက ၄၃ ယောက်နဲ့ အများဆုံး တွေ့ရှိ ခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၂ ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၆ ခုမှာ ၉၉ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၀ ခုမှာ ၄၁ ယောက်၊  ဧရာဝတီတိုင်းမြို့နယ် ၁၅ ခုမှာ ၃၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၉ ခုမှာ ၂၈ ယောက်၊ စစ်ကိုင်းတိုင်းမြို့ နယ် ၃ ခုမှာ ၁၈ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၆ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၀ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၅ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၂ ယောက်၊  ရှမ်းပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ နေပြည်တော် ဉတ္တရသီရီမြို့နယ်မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၅၅ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း   ၆၀၃၄၈ ယောက်၊ သေဆုံးသူ ၁၃၉၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၄၆၆၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၆ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ သန်း ၅၀ ကျော်။ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၅ ဒသမ ၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013