DVB Logo
Home
နိုင်ငံတကာ
လောင်စာဆီ ရာဇဝတ်ဂိုဏ်းဝင် မက္ကဆီကန် ရေတပ်အရာရှိဟောင်း ၁ ဦး ဖမ်းဆီးခံရ
DVB
·
April 24, 2026
Photo: ARGENTINE SECURITY MINISTRY HANDOUT
Photo: ARGENTINE SECURITY MINISTRY HANDOUT
Donate to DVB

အာဂျင်တီးနား ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ မက္ကဆီကိုနိုင်ငံသား ရေတပ်ဗိုလ်ချုပ်ဟောင်း ဖာနန်ဒို ဖာရီယာစ်လာဂူနာကို အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့က ပါလဲမိုရပ်ကွက်မှာ တွေ့ရှိပြီးနောက် ဧပြီ ၂၃ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ အာဂျင်တီးနား လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

အသက် ၄၇ နှစ်ရှိ သူ့ကို ဟိုက်ဒရိုကာဗွန်နဲ့ပတ်သက်တဲ့ ပြစ်မှုဆိုင်ရာ အဖွဲ့အစည်းကြီးတခုနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပြီး နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က အနီရောင်အဆင့်နဲ့ အလိုရှိနေတာပါ။

သူဟာ ဧပြီ ၁ ရက်က ဂွါတီမာလာနိုင်ငံသားတယောက်ရဲ့ နာမည်နဲ့ အထောက်အထားအတုတွေ သုံးပြီး အာဂျင်တီးနားထဲကို ဝင်လာခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအာဏာပိုင်တွေ ပြောကြားချက်အရ သူ့ကို မက္ကဆီကိုနိုင်ငံရှိ အထူးတရားရုံးတခုက စုံစမ်းနေပြီး လောင်စာဆီနဲ့ဆိုင်တဲ့ ပြစ်မှုတွေကို ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းကြီးထဲ ပါဝင်တယ်လို့ ဆိုပါတယ်။

စုံစမ်းမှုတွေအရ လာဂူနာဟာ ၂၀၂၃ ခုနှစ်ကတည်းက လောင်စာဆီနဲ့ဆိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်ဖို့ ရည်ရွယ်ထားတဲ့ အစိုးရအရာရှိတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေ၊ စစ်တပ်ဝန်ထမ်းတွေပါ ပါဝင်တဲ့ ကွန်ရက်ကြီးတခုထဲမှာ  ပါဝင်နေခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ အမေရိကန်ကနေ မက္ကဆီကိုနိုင်ငံထဲကို စီးပွားရေးဆိုင်ရာ အချက်အလက် အမှားတွေ၊ ကုန်သွယ်ရေး စာရွက်စာတမ်းအတုတွေနဲ့ ခိုးသွင်းခဲ့ပါတယ်။

အခွန်ရှောင်ဖို့နဲ့ စစ်ဆေးရေးတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် အဲဒီလောင်စာဆီတွေကို ချောဆီတွေ၊ အမွှေးဆီတွေ အနေနဲ့ အမည်လိမ်တပ်ပြီး သယ်ယူခဲ့ကြတာဖြစ်ပြီး အဲဒီလိုလုပ်နည်းကို အခွန်ရှောင် ဆီခိုးထုတ်မှုလို့ ခေါ်ပါတယ်။

ဒီအမှုကတော့ အင်တာပိုလ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတကာလုံခြုံရေး လုပ်ငန်းစဉ်တွေအတွင်း ပါဝင်တာဖြစ်ပြီး လောလောဆယ်မှာတော့ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကလည်း မိခင်နိုင်ငံဆီ ပြန်လည်လွှဲပြောင်းရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013