DVB Logo
Home
မြန်မာသတင်း
ဗဟုသုတ နည်းပါးမှုကြောင့် မန္တလေးက ရွှေ့ပြောင်းလုပ်သားတချို့ မဲပေးနိုင်ခွင့် ဆုံးရှုံး
DVB
·
November 7, 2020
ဗဟုသုတ နည်းပါးမှုကြောင့် မန္တလေးက ရွှေ့ပြောင်းလုပ်သားတချို့ မဲပေးနိုင်ခွင့် ဆုံးရှုံး
Donate to DVB

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတချို့ မဲပေးနိုင်ခွင့် မရှိတာကို တွေ့ရှိခဲ့တယ်လို့ မဲဆန္ဒရှင် အသိပညာပေးရေး လုပ်ဆောင်နေတဲ့ မန္တလေး အမျိုးသမီး နိုင်ငံရေးအင်အားစုထံက သိရပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဆန္ဒမဲပေးခွင့် ရအောင် မဲဆန္ဒရှင် အသိပညာပေးမှုတွေကို ထိရောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြပေမယ့် ၂၀၂၀ ပြည့်နှစ်မှာတော့ ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတာကြောင့် လူအများစုနဲ့ ထိတွေ့ပြီး မဲဆန္ဒရှင် အသိပညာပေးနိုင်မှု ခက်ခဲနေတယ်လို့ သိရပါတယ်။

မန္တလေး အမျိုးသမီးနိုင်ငံရေးအင်အားစုမှ ဒေါ်ရွှေစင်ဇော်ဝင်းက “တချို့ကလည်း ရုံး ကန်ကန္နားကို မသွားချင်တာ၊ တချို့ကလည်း နားမလည်တာတွေပေါ့နော်။ ခုက နီးလာမှ မဲပေးချင်လာကြတယ်။ ကျမတို့ မဲမပါဘူး၊ ဘယ်မှလည်း မပါဘူး ဘာဘူးလုပ်တော့ ကျမတို့ကလည်း ဘာမှလုပ်ပေးလို့ မရတော့ဘူးဖြစ်သွားတယ်။ လွန်ခဲ့တဲ့ လေး ငါးရက်လောက်ကဆို ပုသိမ်ကြီးဘက်က ရွာတစ်ရွာကဆို လှမ်းပြီးတော့ပြောတယ်၊ လူငါးဆယ်လောက် ရှိတယ်တဲ့၊ မဲပေးချင်တာဆိုတာ၊ ကျမတို့ကလည်း ကြိုးစားတယ်ပေါ့နော်၊ ဖုန်းတွေနဲ့ ဆက်ကြ၊ ခရိုင် ရွေး‌/ကော်ရော၊မြို့နယ် ရွေး/ကော်ရော ဆက်တယ်။ ဘာနဲ့မှ လုပ်ပေးလို့မရဘူး။ သူတို့က ရွှေ့ပြောင်းအလုပ်သမားတွေ ပုံစံမျိုးဖြစ်တာ၊ သူတို့မှာ မှတ်ပုံတင်နံပါတ် ရှိတယ်၊ အိမ်ထောင်စုဇယားလည်း ရှိတယ်၊ ဒါပေမဲ့လို့ သူတို့နေခဲ့တဲ့ ရွာနေ ပြည်ထိုင်ရဲ့ အိမ်ထောင်စုဇယား မဟုတ်တော့ အစ်မတို့က ခရိုင်ကိုလည်း လှမ်းပြီးမေးပေးတယ်၊ ဘာများလုပ်ပေးလို့ ရနိုင်မလဲဆိုတော့ သူတို့ကလည်း ဒါ သူတို့ထုတ်ထားတဲ့ ဥပဒေထဲမှာ ပါတဲ့ အချိန်ကန့်သတ်ချက်က လွန်သွားပြီ၊ ပေးလို့မရဘူး၊ အဲဒီလို အများကြီးတွေ့တယ်" လို့ပြောပါတယ်။

တနယ်တရပ်ကနေ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ရောက်ရှိနေသူတွေ ၊ first time voter လူငယ်တွေဟာ လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်၊ စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြတာဖြစ်ပြီး မဲပေးခွင့် မရတော့တာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒေါ်ရွှေစင်ဇော်ဝင်းက “ရွှေ့ပြောင်းအလုပ်သမားတွေဆိုတာ ခုနပြောသလိုပေါ့၊ မန္တလေးဆို လက်ဖက်ရည်ဆိုင်မျိုးပေါ့နော်၊ စက်မှုဇုံလုပ်သားတွေပေါ့နော်၊ အဲဒီလို ဝန်ထမ်းတွေ များတယ်၊ အောင်မြေသာစံဘက်မှာဆို ကမ်းနားလမ်းဘက်တို့ ဘာတို့ အတည်တကျမနေတဲ့ အလုပ်သမားတွေပေါ့၊ နယ်ကလာနေတဲ့လူတွေလည်း ရှိတယ်၊ ဒီမန္တလေးကကိုပဲ နေတာကတော့ တခြား၊ သူတို့အိမ်ထောင်စုဇယားပေါက်တာတွေက ဟိုးအဝေးမှာ ပေါက်တာတွေရှိတယ်၊ ဒီမှာ အလုပ်လာလုပ်ရင်းနဲ့ နေတာတွေရှိတယ်။ အဲဒီလိုလူတွေက ခုနပြောသလို ရက် ၉၀ မကဘူး၊ နှစ်ချီပြီး နေကြတဲ့လူတွေ၊သူတို့မှာ မဲစာရင်းမပါတာတွေ ရှိတယ်၊ နားလည်းမလည်ဘူး။ ခုချိန်ထိလည်း နားမလည်ကြဘူး” လို့ ပြောပါတယ်။

မှတ်ပုံတင်ရှိသူတွေ၊ အိမ်ထောင်စုအမည်ပေါက်ရှိသူ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ နှစ်ချီကာ အခြားကျေးရွာမှာ ရောက်ရှိနေထိုင်နေတာဖြစ်ပြီး ရောက်ရှိနေရာရဲ့ မဲစာရင်းမှာ အမည်မပါတာကို အချိန်မီလျှောက်ထားနိုင်ခြင်း မရှိခဲ့တာ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗဟုသုတ နည်းပါးတာ၊ အသိပညာပေးမှုတွေ အားနည်းတာကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအနေနဲ့ နိုင်ငံသားအခွင့်အရေး လက်လွတ်ဆုံးရှုံးတာမျိုး မဖြစ်အောင် လာမယ့်ရွေးကောက်ပွဲတွေမှာ အခုထက် ပိုမိုလုပ်ဆောင်ပေးသင့်တယ်လို့ ရွေးကောက်ပွဲအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ 

မန္တလေးတိုင်းဒေသကြီးမှာ မဲပေးပိုင်ခွင့်ရှိသူ ၄၇ သိန်းကျော် ရှိပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013