DVB Logo
Home
မြန်မာသတင်း
အာဆီယံတွင် မြန်မာက ကိုဗစ်ကူးစက်မှု တတိယ အများဆုံးဖြစ်လာ
DVB
·
November 7, 2020
အာဆီယံတွင် မြန်မာက ကိုဗစ်ကူးစက်မှု တတိယ အများဆုံးဖြစ်လာ
Donate to DVB

မနေ့က ကိုဗစ်-၁၉ လူနာတွေ့ခဲ့တဲ့ ရလဒ်ကြောင့် မြန်မာဟာ အာဆီယံမှာ ကိုဗစ်အတည်ပြုလူနာ တတိယအများဆုံးနေရာကို ရောက်လာပါတယ်။

မနေ့က ဓာတ်ခွဲနမူနာ ၁၄,၄၄၉ ခုကို စစ်ဆေးခဲ့ပြီး ၉ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ၁,၃၄၂ ယောက် တွေ့ခဲ့တာကြောင့် စုစုပေါင်းလူနာ ၅,၉၂၇၇ ယောက်ရှိလာတာပါ။

အာဆီယံမှာ လူနာအများဆုံး တွေ့ထားတာကတော့ ၄၂၉,၀၀၀ ကျော်နဲ့ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပြီး ဖိလစ်ပိုင်ကတော့ ၃၉၀,၀၀၀ ကျော်နဲ့ ဒုတိယဖြစ်ပါတယ်။

မြန်မာဟာ မနေ့ကတွေ့တဲ့ လူနာတွေကြောင့် အာဆီယံ တတိယနေရာ စင်ကာပူထက် လူနာ အယောက် ၁,၂၃၀ ပိုပြီး သေဆုံးသူ အရေအတွက်ကတော့ အရင်ကပဲ တတိယနေရာမှာ ရှိနေပါတယ်။

အာဆီယံမှာ လူနာအနည်းဆုံးကတော့ ၂၄ ယောက်ပဲ တွေ့ထားတဲ့ လာအိုနိုင်ငံဖြစ်ပြီး ဒုတိအနည်းဆုံး ဘရူနိုင်းမှာ ၁၄၈ ယောက်၊ တတိယအနည်းဆုံး ကမ္ဘောဒီးယားမှာ ၂၉၂ ယောက်ဖြစ်တာကြောင့် မြန်မာအပါအဝင် ထိပ်ဆုံးက ၅ နိုင်ငံဟာ တခြားနိုင်ငံတွေထက် သိသိသာသာကို လူနာတွေ့ထားတာပါ။

သေဆုံးသူ အရေအတွက်မှာတော့ အင်ဒိုနီးရှားက ၁၄,၄၄၂ ယောက်နဲ့ အများဆုံး၊ ဖိလစ်ပိုင်က ၇,၄၆၁ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး မြန်မာမှာတော့ ၁,၃၇၆ ယောက် သေဆုံးခဲ့ပါတယ်။

ဒါဟာလည်း တခြားအာဆီယံ နိုင်ငံ ၇ ခုနဲ့ ယှဉ်မယ်ဆိုရင် အပြတ်အသတ်ကို ပိုများနေတဲ့ပမာဏ ဖြစ်ပြီး ကမ္ဘောဒီးယားနဲ့ လာအိုတို့မှာ သေဆုံးသူမရှိ၊ ဘရူနိုင်းမှာ ၃ ယောက်ပဲ သေဆုံးခဲ့ပါတယ်။

Photo : Myanmaalinn

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013