DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ လူငယ်အမျိုးသမီးများပါဝင်မှု ဆွေးနွေးပွဲကျင်းပမည်
DVB
·
November 5, 2020
ကိုဗစ်ကာလ လူငယ်အမျိုးသမီးများပါဝင်မှု ဆွေးနွေးပွဲကျင်းပမည်
Donate to DVB

       လတ်တလော ကိုဗစ်ကာလ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ မှာ လူငယ်အမျိုးသမီးတွေအနေနဲ့ ဘယ်လိုပါဝင်နေကြသလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တခုမှာ The Voice Myanmar ပြိုင်ပွဲဝင် G ကလည်း ပါဝင်ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

       G ဟာ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ‌ဒေါ်သက်သက်ခိုင်ရဲ့  သမီး၊ သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုရဲ့ တူမတော်စပ်ကာ လတ်တလော The Voice Myanmar Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး Battle Round အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

       သူ့ကိုတော့ ပရိသတ်တွေက ပရဟိတနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာပါ တက် တက်ကြွကြွ ပါဝင်လုပ်ဆောင်နေသူတယောက်အဖြစ်လည်း သိထားကြတာ ဖြစ်ပါတယ်။

       G ပါဝင်မယ့် ဒီဆွေးနွေးပွဲကိုတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အခွင့်အရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေးနေတဲ့ Triangle Women အဖွဲ့က ဦးဆောင်ကျင်းပတာ ဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၆ ရက်နေ့ည ၇ နာရီမှာ ဖေ့စ်ဘွတ်ခ်လိုက်ဖ်အနေနဲ့ တိုက်ရိုက် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

       Moderator အနေနဲ့ Triangle Women အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက ဆောင် ရွက်မှာဖြစ်ပြီး ပါဝင်ဆွေးနွေးသွားကြမယ့်သူတွေကတော့ ရန်ကုန်တိုင်းဒေသကြီး လူငယ် ရေးရာကော်မတီ၊ Women Federation For Peace က မခိုင်ခိုင်ဆွေမြင့်၊ Together Thanlyin ပရဟိတအဖွဲ့က ပိုပို(ခ)မရတနာစုပိုခိုင်၊ ရှင်သန်ရေးကူညီမှုအသင်းက G တို့ ဖြစ်ကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရန်ကုန်မြို့မှာ မလိုအပ်ရင် အပြင်မထွက်ကြဖို့ အ မိန့်ထုတ်ပြန်ထားရသလို ရန်ကုန်မြို့သူ၊ မြို့သားတွေရဲ့ နေ့စဉ်ဘဝမှာလည်း ကပ်ရောဂါ ကြောင့်ရယ်၊ နောက်ဆက်တွဲ စားဝတ်နေရေး ပြဿနာတွေကြောင့်ပါ စိုးရိမ်သောက ရောက်နေကြရချိန်မှာ အိမ်အပြင်မထွက်ပဲ နေလို့ရတဲ့သူတွေက အိမ်မှာပဲနေကြ၊  အိမ်က နေပဲ အလုပ်လုပ်ကြပါတယ်။ ဒီလို အိမ်မှာ အများသူငါလို မနေနိုင်ပဲ ကျန်းမာရေးဝန် ထမ်းတွေနဲ့အတူ ရှေ့တန်းကနေ ပင်ပင်ပန်းပန်း၊ စွန့်စွန့်စားစား ပါဝင်ကူညီလုပ်ဆောင် နေကြတဲ့ အမျိုးသမီး စေတနာ့ဝန်ထမ်းတွေအနေနဲ့ ဘာကြောင့် ခုလိုတက်တက်ကြွကြွ ပါဝင်ကူညီနေကြတာလဲ?? သူတို့ ဘယ်လိုတာဝန်တွေ ထမ်းဆောင်ပေးနေကြတာလဲ?? သူတို့ ရောဂါကူးစက်ခံရမှာကိုရော စိုးရိမ်မှုရှိကြသလား?? စတဲ့ သူတို့ရဲ့ ရင်တွင်း စကား သံတွေနဲ့အတူ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ လက်ဟန်သင်္ကေတပြ ဘာသာစကားနဲ့ပါရှိမှာဖြစ်ကာ Triangle Women Organization ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်ကတ ဆင့် တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013