DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်၌ ကြိုတင်မဲပေးသူ ၈၀ ကျော်သာရှိသေး
DVB
·
November 3, 2020
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်၌ ကြိုတင်မဲပေးသူ ၈၀ ကျော်သာရှိသေး
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း မဲဆန္ဒရှင် အနည်းဆုံးဖြစ်တဲ့ အင်ဂျန်းယန်မြို့နယ်မှာ အသက် ၆၀ ကျော် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ အယောက် ၁၃၀ ရှိရာ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ဆန္ဒမဲလာပေးသူ ၈၂ ဦးရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

မြစ်ကြီးနားခရိုင်ရှိ ကြိုတင်မဲပေးခွင့်ရသူ အသက် ၆၀ အထက် စာရင်းအရ  မြစ်ကြီးနားမြို့နယ်မှာ အများဆုံးဖြစ်ပြီး လူဦးရေ  ၂၈,၀၀၀ ကျော် ဝိုင်းမော်မြို့နယ်မှာ ၁၂,၉၀၀ ကျော် ချီဖွေမြို့နယ်မှာ ၁,၀၀၀ ကျော် ဆော့လော်မြို့နယ်မှာ ၅၀၀ လောက်နဲ့တနိုင်းမြို့နယ်မှာ ၃၀၀၀ ကျော်နဲ့ အင်ဂျန်းယန်မြို့နယ်မှာတော့ လူဦးရေ  ၁၃၀ သာရှိကြောင်း မြစ်ကြီးနား ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးကနေ သိရပါတယ်။

မြစ်ကြီးနားခရိုင်အတွင်းမှာ  ကြိုတင်မဲ လာရောက်မထည့်နိုင်တဲ့ သူတွေက ရပ်ကျေး ကော်မရှင်ကိုအကြောင်းကြားရင် ရပ်ကျေးကော်မရှင်အဖွဲ့က မဲလက်မှတ်ယူပြီး ကာယကံရှင်အိမ်ကို သွားပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးမယ်လို့လည်း  ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ မဲဆန္ဒရှင်ဦးရေ ၁,၀၆၆ ဦးနဲ့ မဲရုံ (၅) ရုံ၊ မဲဆန္ဒနယ်အမှတ် (၂) မှာ  မဲဆန္ဒရှင် ၉၄၀ ဦးနဲ့ မဲရုံ (၂) ရုံ၊ မဲရုံစုစုပေါင်း (၇) ရုံ ထားရှိပြီး မဲဆန္ဒရှင်ဦးရေ ၂၀၀၆ ဦးသာ ရှိတဲ့အတွက် မြစ်ကြီးနားခရိုင်ထဲမှာ မဲဆန္ဒရှင် ပြည်သူ အနည်းဆုံး မြို့နယ်လည်း ဖြစ်ပါတယ်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  အောက်တိုဘာ ၁၆ ရက်နေ့မှာ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ခေါင်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု (၁) စု၊ ဆွမ်ပရာဘွမ်မြို့နယ်တွင်းမှ ကျေးရွာအုပ်စု (၃၁) စု၊ မချမ်းဘောမြို့နယ်မှ ကျေးရွာအုပ်စု ၁၅ စု၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု ၂၂ အုပ်စု၊ မိုးမောက်မြို့နယ်မှ ကျေးရွာအုပ်စု ၂၁ စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု ၉ စု၊ ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု ၉ စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စု ၈ စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု ၂ စု၊ ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၃ စုနဲ့ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု ၆၁ စုတို့ဟာ  လွပ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိလို့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သတင်း -  ထူးထူး (ဘိုကလေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013