DVB Logo
Home
ဘောလုံး
ကမ္ဘာ့ဖလားပွဲကြည့်ရန် ဘောလုံးကွင်းသို့သွားရမည့် ရထားလက်မှတ်ဈေးကြီးသဖြင့် ဖီဖာ ဝေဖန် 
DVB
·
April 20, 2026
Photo: REUTERS/Susana Vera/File Photo
Photo: REUTERS/Susana Vera/File Photo
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေကျင်းပမဲ့ နယူးဂျာစီပြည်နယ်မှာ နယူးယောက်ကနေ MetLife Stadium ဘောလုံးကွင်းကိုသွားရမဲ့ နာရီဝက်ခရီးအတွက် ရထားလက်မှတ်ခက ဒေါ်လာ ၁၅၀ အထိ သတ်မှတ်ထားတဲ့အပေါ် ဖီဖာက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

ဒီလို ဈေးနှုန်းကြီးမြင့်မှုဟာ ပရိသတ်တွေကို အခက်တွေ့စေရုံတင်မကဘဲ လမ်းပိတ်ဆို့မှုတွေကိုပါ ဖြစ်ပေါ်စေနိုင်တယ်လို့ ဖီဖာအရာရှိ Heimo Schirgi က ပြောပါတယ်။

နယူးဂျာစီ အုပ်ချုပ်ရေးမှူး မစ်ကီရှရေးကတော့ ဖီဖာအနေနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ကို စိုက်ထုတ်ပေးသင့်တယ်လို့ တောင်းဆိုထားပေမဲ့ ဖီဖာဘက်ကတော့ ဒါဟာ မဖြစ်နိုင်တဲ့ တောင်းဆိုမှုလို့ ငြင်းဆိုထားပါတယ်။

အဆိုပါကွင်းမှာ အင်္ဂလန်အသင်းရဲ့ အုပ်စုပွဲစဉ်အပါအဝင် ဗိုလ်လုပွဲကိုပါ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကလေးနဲ့ လူကြီးတွေအတွက်ပါ သက်သာခွင့်မရှိဘဲ ဈေးနှုန်းအပြည့် ပေးဆောင်နေရတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013