DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်၌ ကြိုတင်မဲပေးချိန် မဲရုံပရဝဏ်အတွင်း မဲဆွယ်စည်းရုံးမှုများ ရှိနေ
DVB
·
November 2, 2020
ဆီဆိုင်မြို့နယ်၌ ကြိုတင်မဲပေးချိန် မဲရုံပရဝဏ်အတွင်း မဲဆွယ်စည်းရုံးမှုများ ရှိနေ
1 / 4
Donate to DVB

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့မှာ ကြိုတင်မဲပေးနေတဲ့အချိန် မဲရုံပရဝဏ်အတွင်း ပါတီအချို့ မဲဆွယ်စည်းရုံးမှု ရှိနေပါတယ်။

ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု မဲရုံအမှတ် (၁) မှာ ကြိုတင်မဲလာပေးတဲ့ အသက် ၆၀ နဲ့အထက် အဘိုးအဘွားတွေကို PNO ပါတီထုတ် နဂါးတံဆိပ် မဲဆွယ်ပညာပေးစာအုပ်နဲ့ ပညာပေးစေခိုင်းမှုတွေ ပြုလုပ်နေတယ်လို့ မဲရုံလေ့လာသူတွေက ပြောပါတယ်။

မဲရုံလေ့လာသူ ခွန်လေခမ်းက “မဲရုံပရဝဏ်အတွင်းမှာ မဲရုံရှေ့မှာပေါ့၊ ရွာသားက မဲလာပေးတဲ့ အဘိုးအဘွားတွေကို PNO ပါတီကထုတ်တဲ့ မဲပညာပေးစာအုပ်နဲ့ အဘိုးအဘွား တွေကို ပညာပေးနေတယ်။ နဂါးကို တံဆိတ်ရိုက်နှိပ်ခိုင်းတာပေါ့။ ပါတီကခိုင်းတာလား၊ ဘယ်သူခိုင်းတာလဲမသိဘူး။ တာဝန်ကျရပ်ကျေးကော်မရှင်ကိုပြောပြတော့ မဲရုံင်အပြင်ဘက်က ရတယ်လို့ ပြောနေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တချို့မဲရုံမှာ မဲပေးနေတဲ့ အဘိုးအဘွားတွေကို လျှို့ဝှက်မဲပေးခန်းအထိ နှစ်ယောက်သုံးယောက် စောင့်ကြည့်ပြီး ဟိုပါတီ၊ ဒီပါတီကို ထည့်ဖို့ ညွန်ကြားနေတာလည်း ရှိနေတယ်လို့ဆိုပါတယ်။

ကြိုတင်မဲပဲဖြစ်ဖြစ်၊ မဲပေးတဲ့နေ့ပဲဖြစ်ဖြစ် မဲရုံပရဝဏ် ကိုက် ၅၀၀ အတွင်း နိုင်ငံရေး ပါတီမဲဆွယ်ခြင်းမပြုလုပ်ရပေမယ့် ဒီလိုဖြစ်ပွားမှုက တိုင်ကြားမှုရှိမှ ကော်မရှင်က ဖြေရှင်းပေးမယ်လို့ ဆီဆိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်နိုင်က ပြောပါတယ်။

“အရင်ကတည်းက နည်းဥပဒေမှာ မဲရုံနဲ့ ကိုက် ၅၀၀ အတွင်းမှာ ဘာမှမရှိရဘူးလေနော်၊ ကြိုတင်မဲလည်း အဲလိုပဲပေါ့။ ဖြစ်ပွားရင်တိုင်ကြားမှ အရေးယူလို့ရတာ၊ မတိုင်ကြားရင် ဖြေရှင်းလို့ရရင် မြို့နယ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့ ဖြေရှင်းလိုက်တာပေါ့။”

ဆီဆိုင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁ သိန်း ၆ သောင်းကျော်ရှိပြီး အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အို အပါအဝင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ၁၁,၀၀၀ ဦးခန့်ရှိကာ အောက်တိုဘာ ၃၀ ရက်နေ့အထိ ကျား ၉၄၇ ဦး၊ မ ၁၂၄၉ ဦး စုစုပေါင်း ၂၁၉၆ ဦး ကြိုတင်မဲပေးပြီးပြီလို့ သိရပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013