DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကြိုတင်မဲ ၂၉၀ အသစ်ပြန်ပေးရမည်
DVB
·
November 2, 2020
မကွေးတိုင်းတွင် ကြိုတင်မဲ ၂၉၀ အသစ်ပြန်ပေးရမည်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ထဲက ကျေးရွာနှစ်ရွာမှာ ကိုယ်စားလှယ် အမည်မှားနေတာကြောင့် ကြိုတင်မဲ မဲဆန္ဒရှင် ၂၉၀ ပြန်လည်ဆန္ဒပြုရမယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရေစကြိုမြို့နယ်ထဲက ဝါယာတော ကျေးရွာအုပ်စုနဲ့ ဂွေးဂုဏ်ကျေးရွာအုပ်စုမှာ အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲကို အောက်တိုဘာ ၃၁ ရက်က မဲပေးချိန်မှာ ဆန္ဒပြုမဲလက်မှတ်တွေမှာ ရေစကြိုမြို့နယ်က ပြည်သူလွှတ်တော်ကိုယ်စားလှယ်နေရာ မကွေးမြို့က ကိုယ်စားလှယ် အမည်ပါရှိကာ အမှားအယွင်းရှိခဲ့တာကြောင့် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဝါယာတော ကျေးရွာအုပ်စုက မဲပေးလက်မှတ် ၂ ခုမှာ ရေစကြို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်ပြီး လက်မှတ် ၃၀ မှာ မကွေးမြို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တွေ ဖြစ်နေသလို  ဂွေးဂုဏ်ကျေးရွာအုပ်စုမှာလည်း လက်မှတ် ၁၄ ခုမှာ ရေစကြို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်ပြီး ၃၆ ခုမှာ မကွေးမြို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလို မှားယွင်းနေတာနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီလောက်က ရေစကြို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိ့နှိုင်းရေး ကော်မတီနဲ့ ဆွေနွေးညှိနှိုင်းပြီး ပေးပြီးမဲတွေကို ချိပ်ပိတ် ဖျက်ဆီးလက်မှတ်အဖြစ် သတ်မှတ်ခဲ့သလို အဲဒီကျေးရွာအုပ်စုနှစ်ခုက မဲဆန္ဒရှင် ၂၉၀ ကို အသစ်ပြန်ပေးဖို့ လုပ်သွားမယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း - ကိုလင်း(ချောက်)၊ ဓာတ်ပုံ - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013