DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် ပြစ်ဒဏ်ကျထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၂၈၀ ပြန်ရောက်
DVB
·
November 1, 2020
မလေးရှားတွင် ပြစ်ဒဏ်ကျထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၂၈၀ ပြန်ရောက်
Donate to DVB

မလေးရှားနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အယောက် ၂၈၀ ဒီနေ့ အထူးလေယာဉ်နဲ့ ပြန်ရောက်လာပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေကို မလေးရှားနိုင်ငံ အစိုးရအစီအစဉ်နဲ့ Malaysia Airlines စင်းလုံးငှား အထူးလေယာဉ် ပျံသန်းပြေးဆွဲပြီး ဒီနေ့ မနက် ၁၀ နာရီကျော်က ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပြန်ရောက်လာတာလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာလည်း ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို  မလေးရှားနိုင်ငံ အစိုးရ အစီအစဉ်နဲ့ ပြန်လည် ခေါ်ဆောင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့  မလေးရှားမှာ ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၇၈၈ ယောက် အပါအဝင် အလုပ်လက်မဲ့ ဖြစ်နေတဲ့ တရားဝင် မြန်မာအလုပ်သမားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကိုပြန်ဖို့ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၄၀၃၅ ယောက်ကို ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်တွေ ၂၄ ကြိမ်တိုင်တိုင် ပျံသန်းပြေးဆွဲ ခေါ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သူတို့ကို ပြန်ခေါ်နိုင်ဖို့အတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နိုင်ငံသားမှန်ကန်တာကို စိစစ်ပြီး ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- C of I) ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ မလေးရှားနိုင်ငံက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၊ မြန်မာနိုင်ငံက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ တိုင်း အစိုးရအဖွဲ့တို့နဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့တာလို့လည်း ဆိုပါတယ်။

သူတို့ ပြန်ရောက်လာချိန်မှာ ကျန်းမာရေးစိစစ်ရေးနဲ့ သီးသန့်စီစဉ်ပေးတဲ့ နေရာတွေမှာ ၇ ရက် အသွားအလာ ကန့်သတ်တာ၊ အိမ်တွေမှာ ၇ ရက်အသွားအလာကန့်သတ်တာတို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့တို့က အသီးသီး တာဝန်ယူပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013