DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းမြို့နယ်တခုတည်း ဝင်ပြိုင်သည့် ကရင်အမျိုးသားပါတီ မဲဆွယ်စည်းရုံး
DVB
·
November 1, 2020
ဖားဆောင်းမြို့နယ်တခုတည်း ဝင်ပြိုင်သည့် ကရင်အမျိုးသားပါတီ မဲဆွယ်စည်းရုံး
1 / 11
Donate to DVB

ကယားပြည်နယ်အတွင်း ကရင်လူမျိုးအများစုနေထိုင်တဲ့ ဖားဆောင်းမြို့နယ်မှာ ကရင်အမျိုးသားပါတီ (ကေအန်ပီ) က ကိုယ်စားလှယ်နေရာ ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အနိုင်ရရှိရေးအတွက် အောက်တိုဘာ ၃၁ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာကနေစတင်က ဖားဆောင်း- မော်ချီကားလမ်းတလျှောက်ရှိ ကျေးရွာတွေကို ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူအင်အားရာချီ ချီတက်ပြီး စည်းရုံးခဲ့ကြတာပါ။

မဲဆွယ်စည်းရုံးရာမှာ ဦးဆောင်ပါဝင်တဲ့ ကရင်မျိုးဆက်သစ်လူငယ်အဖွဲ့က ကိုဂျော်နီမင်းက “ကရင်ပါတီကို ကျနော်တို့ ဘာကြောင့်ဝန်းရံရလဲဆိုတော့ ၁ တချက်က ကျနော်တို့ ကရင်ပါတီဖြစ်တဲ့အတွက် ကျနော်တို့ ကရင်ကျနော့်တို့ အလုပ်ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံယူတယ်။ ကိုယ့်ကိုယ်ကိုယ် ကရင်ဖြစ်တဲ့အတွက် ကရင်ပါတီကို ဝန်းရံရခြင်းဖြစ်တယ်ပေါ့နော်။ ဒါက သမိုင်းပေးတာဝန်တခုလို့လည်း ကျနော်တို့‌  ပြောလို့ရတာပေါ့နော်။ ၂၀၁၀ တုန်းက ကျနော်တို့ ကြံ့ခိုင်ရေးအနိုင်ရရှိခဲ့တယ်။ ၂၀၁၅ ကလည်း ကျနော်တို့ အန်အယ်လ်ဒီ အနိုင်ရရှိရေး ဝန်းရံပေးခဲ့တာရှိတယ်ပေါ့နော်။ ဝန်းရံခဲ့ပေမယ့် ကျနော်တို့ သိသာထင်ရှားတဲ့ အပြောင်းအလဲတခုကို မြင်တွေ့ခဲ့ရတာမရှိဘူးပေါ့နော်။ ကိုယ့်ကံကြံမ္မာကိုယ်ဖန်တီးရမယ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ချိန်တန်ပြီလို့ ကျနော်မြင်တယ်ပေါ့နော်။ အဓိကကတော့ ၂၀၂၀ မှာ တိုင်းရင်းသားပါတီကို နိုင်စေချင်တာပေါ့နော်။ အထူးသဖြင့် ဖားဆောင်းမြို့နယ်မှာ ကရင်ပါတီကို အနိုင်ရစေချင်တဲ့အတွက် ကျနော်တို့ ဝန်းရံရခြင်းဖြစ်တယ်ပေါ့။ ”

ကရင်အမျိုးသားပါတီ စီတန်းလှည့်လည်မဲဆွယ်မှုမှာ ပအိုဝ်းလူမျိုးတွေလည်း ပါဝင် ဝန်းရံကြပါတယ်။

ပအိုဝ်းလူမျိုး ဦးထွန်းစိန်က “ကိုယ့်တိုင်းရင်းသားအချင်းချင်းမို့လို့လာပြီးတော့ အားပေးတာပေါ့။ တိုင်းရင်းသားတွေကလည်း နေရာရမှ ကိုယ့်တိုင်းရင်းသားရှိတဲ့၊ များတဲ့နေရာမှာ အလုပ်လုပ်ပေးနိုင်မှာလေ။ ပြည်မကနေလာပြီးတော့မှ လုပ်ကိုင်နေတော့ နေရာမရောက်ဘူးပေါ့။” လို့ ပြောပါတယ်။

ကရင်အမျိုးသားပါတီအနေနဲ့ ဖားဆောင်းမြိုနယ်မှာ  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် စောဆာကဘရူရှီး၊ အမျိုးသားလွှတ်တော်အတွက် ဦးကျော်စိုး (ခ) ဘိုဘိုရွှေနဲ့ ပြည်နယ်လွှတ်တော် အမှတ် ၁ အတွက် စောထောနေမူးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော် အမှတ် ၁ အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ စောထောနေမူးက “ကယားပြည်နယ်ဖားဆောင်းမြို့နယ်မှာ ကရင်လူမျိုးက ၇၀ ရာခိုင်နှုန်းနဲ့အထက်ရှိတဲ့အတွက် ကျနော်တို့ ကရင်ပါတီအနေနဲ့ ဖားဆောင်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ တကယ်လို့ နိုင်ခဲ့မယ်ဆိုရင်တော့ ကျနော်တို့ဒေသမှာ စိုက်ပျိုးရေးကို အခြေခံတဲ့အရာတွေ၊ သတ္တုတွင်းမှာ လိုအပ်တဲ့ဈေးကွက်တွေ၊ နောက်တခုကျတော့ သဘောဝပတ်ဝန်းကျင်း ထိန်းသိန်းမယ့်အရာတွေကို ကျနော်တို့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့‌ စောဆာကဘရူရှိုးက “ကျနော်တို့က ဘယ်နေရာပဲသွားသွား ရွာတိုင်း ရောက်တဲ့နေရာတိုင်းတော့ ကတိကဝတ်ခုမှ မပေးဘူး။ ဒါပမေယ့် ကိုယ်က အိမ်ရှင်လည်းဟုတ်တယ်၊ ဌာနေတိုင်းရင်းသားလည်းဟုတ်တယ်၊ ကိုယ့်လူရဲ့ အခက်အခဲက ဘယ်လိုရှိလဲဆိုတာ အကုန်သိပြီးသား၊ ကျနော်တို့ဌာနေ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ ဥပဒေတော့ ကြိုးစားပေးရမှာပေါ့။ အခက်အခဲကတော့ အများကြီးရှိတာပေါ့၊ စားဝတ်နေရေး၊ သွားလာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးတို့ကတော့ ပြောစရာမလိုဘူးလေ။ တောင်ပေါ်ဆိုတော့ အခက်အခဲအများကြီးရှိတာပေါ့။ ဒါပေမယ့် ကျနော်တို့ ဘာလုပ်မလဲဆိုတော့ အဓိက လမ်းပန်းအဆက်အသွယ်ပဲလေ။ အဓိကငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးဖြစ်မြောက်မယ်ဆိုရင် ကျန်တဲ့အရာ ကျနော်တို့ လုပ်ဆောင်တာ ဘာတခုမှ ပြဿနာမရှိဘူး။ အဲလိုပဲ ကျနော်တို့ ယူဆတယ်။" 

ကရင်အမျိုးသားပါတီ (KNP) အနေနဲ့  ၂၀၂၀ ရွေးကောက်ပွဲမှာ  ဖားဆောင်းမြို့နယ်အပါအဝင် တနိုင်ငံလုံဂမှာ  မဲဆန္ဒနယ် ၁၃ နေရာကျော် ဝင်ရောက်ယှဉ်ပြိုင်တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013