DVB Logo
Home
မြန်မာသတင်း
မယ်စဲ့မြို့နယ်တွင် ပြည်နယ်အခြေစိုက်ပါတီနှစ်ခုအား ဝန်းရံသူ ၁၀၀၀ ကျော် လှည့်လည်မဲဆွယ်
DVB
·
October 31, 2020
မယ်စဲ့မြို့နယ်တွင် ပြည်နယ်အခြေစိုက်ပါတီနှစ်ခုအား ဝန်းရံသူ ၁၀၀၀ ကျော် လှည့်လည်မဲဆွယ်
1 / 14
Donate to DVB

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ဝင်ရောက်ယှဉ်ပြိုင်တဲ့ မယ်စဲ့မြို့နယ်မှာ ကယားပြည်နယ်အခြေစိုက်ပါတီ ၂ ခုဖြစ်တဲ့  ကယန်းအမျိုးသားပါတီ (KNP) နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ  (KySDP) ထောက်ခံသူ ၁၀၀၀ ကျော်က အောက်တိုဘာ ၃၀ ရက်နေ့မှာ  လှည့်လည်မဲဆွယ်ခဲ့ကြပါတယ်။

ကရင်နီလူငယ်တွေက ဦးဆောင်ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်က ထောက်ခံသူတွေ ပါဝင်လှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။

ကယားပြည်နယ် မယ်စဲ့မြို့နယ်မှာ ကယန်းအမျိုးသားပါတီက ကိုယ်စားလှယ် ၂ ဦးနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် ၂ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

ပြည်နယ်ခြေစိုက်ပါတီကို ဝန်းရံတဲ့ ကရင်နီလူငယ်ခေါင်းဆောင် တဦးဖြစ်သူ ကိုမျိုးလှိုင်ဝင်းက “ဒီကျနော်တို့ပြည်နယ်သူပြည်နယ်သားတွေကို တကယ်သစ္စာခံတဲ့ တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့ အသုံးချဖို့၊ အသုံးပြုဖို့အချိန်တန်ပြီ။ ကျနော် အာမခံချက် ရဲရဲကြီးပြောရဲတာက အကယ်၍ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းနဲ့ ကယန်းအမျိုးသားပါတီကိုယ်စားလှယ်လောင်းတွေ အနိုင်ရသွားခဲ့လို့ လူထုလူထုကို သစ္စာဖောက်တဲ့လုပ်တဲ့ လုပ်ရပ်လုပ်ခဲ့မယ်ဆိုရင်၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး ပွင့်လင်းမြင်သားမှုမရှိလုပ်ခဲ့မယ်ဆိုရင် ကျနော်တို့လူငယ်တွေ သူတို့ပါတီရုံးရှေ့မှာ အရင်ဆုံးဆန္ဒပြမှာဖြစ်ပါတယ်။”

မယ်စဲ့မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီကိုယ်စားလှယ် ၄ ဦးထဲမှာ အမျိုးသမီး ၂ ဦးပါဝင်တာကြောင့် ကယားပြည်နယ်လွှတ်တော် သက်တမ်း ၂ ခုအတွင်း အမျိုးသမီးတဦးမှ မပါဝင်ဖူးတဲ့အတွက် အခုအမျိုးသမီးတွေကို ပါဝင်မဲထည့်ဖို့ LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က ပြောပါတယ်။

“မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁၊ အမှတ် ၂ က အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေသာလျှင် ကယားပြည်နယ်လွှတ်တော်ထဲကို‌ ရောက်သွားမယ်ဆိုရင် ကျ‌နော်တို့ ပြည်နယ်ရဲ့ သက်တမ်း ၂ ဆက်စလုံး လိုအပ်နေတဲ့ ပြည်နယ်အမျိုးသမီးတွေရဲ ဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသနေ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုနဲ့ အခွင့်အရေးတွေအတွက် သူတို့တွေ ပိုမိုစွမ်းဆောင်နိုင်မှာပဲဖြစ်ပါတယ်။”

နိုင်ငံရေးပါတီ ဝန်းရံသူတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်တွေ၊ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်ချက်တွေကို လိုက်နာဖို့၊ လှည့်လည်မဲဆွယ်ရာမှာ တစ်ကြိမ်ကို လူဦးရေ ၅၀ အထက် မပိုဖို့ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၉ ရက်နေ့ ညက ထုတ်ပြန်ထားပါတယ်။

မော်တော်ယာဉ်၊ ရေယာဉ်၊ အနှေးယာဉ် စတဲ့တွေမှာ လိုက်ပါဝန်းရံတဲ့အခါ Social Distancing မူနဲ့အညီ လူ ၅၀ ထက်မပိုစေဘဲ လိုက်ပါဖို့နဲ့ မလိုလားအပ်တာတွေ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ဖို့နဲ့ လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေတွေအရ အရေးယူ ခံရမယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်အပေါ် ဦးဆောင်ဝန်းရံသူတဦးဖြစ်တဲ့ ခွန်းသောမတ်စ်က “ဒီပွဲက ကရင်နီပြည်လူမျိုးစုလူငယ်ဦးဆောင်ကော်မတီက ဦးဆောင်းပြီးလုပ်တာ၊ ဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ လွိုင်ကော်၊ ဒီမော့ဆိုဖရူဆို၊ ရှားတော၊ ဖားဆောင်းပေါ့နော်၊ ဘောလခဲ၊ မယ်စဲ့က ဒီနေ့ကျနော်တို့ ကော်မရှင်ကိုလည်း ပြောပြထားပြီးသားပဲ ၃၀ ရက်နေ့မှာ လုပ်မယ်ဆိုတဲ့ဟာပေါ့။ သို့သော် မနေ့ည ၈ နာရီလောက်မှပဲ ထုတ်ပြန်ချက်တွေ ထွက်လာတယ်ပေါ့။ ဆိုတော့ ကျနော်တို့အနေနဲ့ မတတ်နိုင်တော့ဘူး။ လူတွေလည်းရောက်ကုန်ပြီ။ လူလည်းစုံပြီ၊ သွားဖို့ပဲကျန်တယ်ဆိုတော့ ကျနော်တို့ လူငယ် ပြန်ရုပ်ဖို့မရှိတော့ ဒီနေ့ လှည့်လည်ရခြင်းဖြစ်ပါတယ်။”

ဝန်းရံသူတွေဟာ မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာမျာ စုဝေးခဲ့ပြီး  လမ်းမဘေးတလျှောက် မယ်စဲ့နမ်၊ ပန်းတိမ်၊ မယ်စဲ့၊ နန်းမန်းနဲ့ ဟိုစဲ့ ကျေးရွာတွေမှာ လှည့်လည်ခဲ့ကြပါတယ်။

မယ်စဲ့မြို့နယ်မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နေတဲ့ ကယန်းအမျိုး သားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးကတော့ အနိုင်ရခဲ့မယ်ဆိုရင် အဓိက လူထုရဲ့စားဝတ်နေရေး ဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

“ပြည်သူတွေရဲ့စားဝတ်နေရေးက အဓိကကျတာပေါ့နော်။ ဒီနယ်က စားဝတ်နေရေး မပြေလည်ဘူး။ နှမ်းဈေးတွေ မကောင်းဘူး၊ စပါးဈေးတွေမကောင်းဘူး။ အထူးသဖြင့်ကြက်သွန်ပေါ့နော်။ ဒီဒေသမှာ ကြက်သွန်နဲ့နမ်းကို အဓိက စီးပွားရေးအဖြစ် မှီခိုနေသူတွေက အလုပ်မဖြစ်ဘူးဆိုရင် အခက်အခဲတွေ့တယ်ပေါ့နော်။ နောက်ဒီမှာရှိတဲ့ သစ်ကို တနိုင်တပိုင်လေ ပရိဘောကလုပ်ငန်းလုပ်တဲ့ဟာတွေက အရေးပါတဲ့အရာတွေဖြစ်တဲ့အတွက် ကျနော်တို့ ကယန်းအမျိုးသားပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ဒီအရာတွေကို မြင့်တင်သွားဖို့ရှီတယ်။”

မယ်စဲ့မြို့နယ်ဟာ  ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မြို့နယ်ဖြစ်ပြီး ကယန်းအပါအဝင် ကရင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်ကြပြီး မဲပေးပိုင်ခွင့်ရှိသူ ၅၂၀၀ လောက်ရှိတဲ့ နယ်မြေဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013