DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း ထောင်အသီးသီးရှိ အကျဥ်းသားများကို ကိုဗစ်စစ်ဆေးရန် Test Kit ၂၀၀၀ ကျော် စီစဥ်ထား
DVB
·
October 31, 2020
ဧရာဝတီတိုင်း ထောင်အသီးသီးရှိ အကျဥ်းသားများကို ကိုဗစ်စစ်ဆေးရန် Test Kit ၂၀၀၀ ကျော် စီစဥ်ထား
Donate to DVB

ဧရာဝတီတိုင်း အကျဥ်းထောင်အသီးသီးမှာရှိတဲ့ အကျဥ်းသားတွေကို ကိုဗစ်-၁၉ ရှိ မရှိစစ်ဆေးဖို့ ကိုဗစ်အမြန်စစ်ကိရိယာ (Rapid Test Kit ) ၂ ထောင်ကျော် စီစဥ်ထားတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရပါတယ်။

တိုင်းဒေသကြီးအတွင်းရှိ အကျဥ်းထောင်အသီးသီးကို အသစ်ဝင်ရောက်လာမယ့်သူတွေနဲ့ ရက်စေ့လို့ ထောင်ကလွတ်မယ့်သူတွေကို စစ်ဆေးသွားမယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က ပြောပါတယ်။

"အသစ်ဝင်လာမယ့် အကျဥ်းသားတွေရယ်၊ လွတ်ရက်စေ့လို့ပြန်ထွက်မယ့် အကျဥ်းသားတွေကို ကိုဗစ်ရှိမရှိ စစ်ဆေးသွားဖို့အတွက် Test Kit ၂ ထောင်ကျော် ခွဲတမ်းချပေးထားပါတယ်" လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ အကျဥ်းထောင်အတွင်းကူးစက်မှုအဖြစ် မအူပင်အကျဥ်းထောင် မှာ ဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူ ၁၀၄ ဦးထိ ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၀၃ ဦးတွေ့ရှိလာတဲ့ ဧရာ၀တီတိုင်းမှာ ရောဂါသက်သာလာလို့ ဆေးရုံဆင်းခွင့်ရရှိသူ ၆၇၉ ဦးထိရှိပြီဖြစ်ကာ သေဆုံးသူ ၁ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013