DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ရောဂါကူးစက်ခံရသည့် ရဟန်းသာမဏေနှင့်သီလရှင် အပါး ၁၆၀၀ ကျော် ရှိလာ
DVB
·
October 28, 2020
ကိုဗစ်ရောဂါကူးစက်ခံရသည့် ရဟန်းသာမဏေနှင့်သီလရှင် အပါး ၁၆၀၀ ကျော် ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလအတွင်း ရဟန်းသံဃာတော်နဲ့သီလရှင် အပါးရေ ၁၆၀၀ ကျော်ရောဂါကူးစက်ခံခဲ့ရတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်-၁၉ ကာလမှာ နိုင်ငံတဝန်း အများပြည်သူတွေ၊ အစိုးရဝန်ထမ်းနဲ့ လူတန်းလူတန်းစား အလွှာအသီးသီးဆီ ရောဂါကူးစက်ပျံ့နှံ့ခဲ့ပြီး ရဟန်းသံဃာတော်နဲ့သီလရှင်တွေလည်း ကူးစက်ခံခဲ့ရတာပါ။

အောက်တိုဘာလ ၂၇ ရက်နေ့အထိ စာရင်းတွေအရတော့ ရဟန်းသာမဏေ ၁၄၂၉ ပါး၊ သီလရှင် ၁၇၄ ပါး ရောဂါကူးစက်ခံရပြီး ဒီထဲမှာ ရဟန်းသာမဏေ ၂၅ ပါးနဲ့ သီလရှင် ၃ ပါး ပျံလွန်တော်မူသွားခဲ့ပါတယ်။

ကူးစက်ခံရတဲ့ထဲက ရဟန်းသာမဏေ ၁၀၈၄ ပါးနဲ့ သီလရှင် အပါး ၁၃၀ ဟာ ရောဂါ သက်သာပျောက်ကင်းလို့ ဆေးရုံကဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေဆဲက ရဟန်းသာမဏေ အပါး ၃၂၀ နဲ့ သီလရှင် ၄၁ ပါးရှိတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း ရန်ကုန် ကမ္ဘာအေးကုန်းမြေထဲမှာ သံဃာတွေထားဖို့အတွက် သံဃာ့ဆေးရုံ ၂ ခုကိုလည်း ပြင်ဆင်ပြီးတော့မှာဖြစ်ပြီး ဆောက်လုပ်ဆဲ လေးခန်းတွဲအိမ်ရာတွေမှာ ထားဖို့ ပြင်ဆင်နေကာ မကြာခင်ပြီးစီးတော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၇,၆၆၆  ယောက်၊ သေဆုံးသူ ၁၁၄၇  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း၂၇,၃၇၃ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013