DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ၌ မဲပေးရာတွင် Mask တပ်ဆင်၊ လက်ဆေးရန် ကျန်းမာရေးပညာရှင် အကြံပြု
DVB
·
October 28, 2020
ရွေးကောက်ပွဲ၌ မဲပေးရာတွင် Mask တပ်ဆင်၊ လက်ဆေးရန် ကျန်းမာရေးပညာရှင် အကြံပြု
Donate to DVB

ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတပ်ဆင်တာဟာ နိုင်ငံတကာစံညွှန်းအရ ကာကွယ်ရေးအဆင့် ၁ ဖြစ်ပြီး ရွေးကောက်ပွဲမဲပေးတဲ့အခါမှာလို စုဝေးရာမှာ မှန်ကန်တဲ့နည်းလမ်းဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်တယောက်က ပြောပါတယ်။

ကိုဗစ်-၁၉ အကြောင်း အမေး အဖြေကဏ္ဍမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထင်လင်းက ပြောသွားတာပါ။

ကိုဗစ် - ၁၉ ကူးစက်မှု မြန်နေတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပရာမှာ ပညာရေးဝန်ထမ်းတွေ၊ အရပ်သားဝန်ထမ်းတွေနဲ့ ပြည်သူတွေ စုဝေးတက်ရောက်ကြမှာဖြစ်ပြီး PPE ဝတ်စုံ မဝတ်ဆင်ဘဲနဲ့ တခြားနည်းလမ်းဖြစ်တဲ့ Mask တပ်တာ၊ အရက်ပြန်နဲ့ လက်ဆေးခြင်းတို့ဟာ အပြည့်အဝ ကာကွယ်နိုင်လား ဆိုတာကို ဖြေခဲ့တာပါ။

PPE ကို အကြမ်းဖျင်းအားဖြင့် Level 1 ၊ 2 ၊ 3 လို့ ခွဲခြားထားပြီး ဘယ်လိုအချိန်မှာ ဘယ်လို level နဲ့ လျော်ညီအောင် ဝတ်ဆင်ရမလဲဆိုတာ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းချက်တွေ ရှိတယ်လို့ ဆိုပါတယ်။

“သာမန်အားဖြင့် ပြည်သူတွေကြားထဲမှာ နေထိုင်သွားလာပြောဆိုနေတဲ့အချိန်မှာ Level 1 Mask တပ်ခြင်းသည် အတော်ထိရောက်တဲ့ ကာကွယ်နည်းဖြစ်တဲ့အတွက် လူတိုင်း Mask တပ်ဖို့ ၊ နောက်ပြီး ထိမိ၊ ကိုင်မိရင် အရက်ပြန်နဲ့ ဆပ်ပြာနဲ့ လက်ဆေးတယ်။ ဒါတွေကလည်း Personal Protective Method ထဲမှာ ပါဝင်ပါတယ်။ ကျနော်တို့ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါ့ကြောင့် Mask တပ်တယ်၊ အရက်ပြန်သုံးတယ် ဆိုတာက အခြားနည်းလမ်း မဟုတ်ပါဘူး။ Personal Protective Equipment ထဲမှာ ပါဝင်တဲ့ Level အလိုက် နည်းလမ်းတွေ ဖြစ်ပါတယ်။ ပြည်သူလူထုကြားမှာ International Standard အရ Level 1 တပ်ဆင်တာသည် မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုရွေးကောက်ပွဲအတွက် ဆိုရင် Quarantine Site တွေမှာ Level 2 ဝတ်ဆင်ပြီး မဲရုံဝန်ထမ်းတွေ၊ Volunteer တွေ ဆောင်ရွက်ဖို့ စီစဉ်ထားသလို Positive တွေထားတဲ့ နေရာမှာ မဲထည့်ဖို့ဆိုရင်လည်း Level 3 ဝတ်ဆင်နိုင်ဖို့ စီစဉ်ဖြည့်တင်းထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ပြီး နေအိမ်အပြင်ကိုစီးတဲ့ ဖိနပ်တွေမှာ ကိုဗစ်ဗိုင်းရပ်ကပ်ပါနိုင်ပြီး ဒီနည်းလမ်းကနေ ကျယ်ကျယ်ပြန့်ပြန့်ကူးနေတာတော့ မတွေ့ရသေးပေမယ့် အိမ်ထဲကို ဝင်ချိန်၊ အကာအကွယ်တွေကို ဖြုတ်ပြီး မိသားစုနဲ့ နေထိုင်ပြောဆိုဆက်ဆံမယ်ဆိုရင် အပြင်က ပိုးကပ်ပါလာနိုင်တဲ့ အဝတ်အစား တွေ၊ ဖိနပ်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပေးထားတဲ့ နည်းလမ်းတွေနဲ့ ပိုးသန့်စင်တာက ကောင်းမွန်တဲ့ လုပ်ရပ်၊ ပြည့်စုံတဲ့လုပ်ရပ်ပဲလို့ သူက ပြောပါတယ်။

ရုံးတွေ၊ အလုပ်ခန်းတွေမှာလည်း ပြတင်းပေါက်တွေဖွင့်ထားပြီး အလုပ်လုပ်တာမျိုးက ကူးစက်ဖို့အန္တရာယ်အင်မတန်မည်းတယ်လို့ ပြောပါတယ်။

ဒီဗိုင်းရပ်ပိုးက လေထဲမှာ ပျံ့နှံ့သွားပေမယ့် အားပျော့သွားတာကြောင့် ဖွင့်ထားတဲ့ အခန်းမျိုးမှာတော့ တခြားသူတွေဆီကို ရောက်ဖို့ ခက်ခဲသွားတယ်လို့ သူက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013