DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် စားဝတ်နေရေးခက်ခဲနေသည့် အိမ်ထောင်စု ၅၀၀၀ ကျော်ကို စားကုန်များလှူဒါန်း
DVB
·
October 28, 2020
ပဲခူးတွင် စားဝတ်နေရေးခက်ခဲနေသည့် အိမ်ထောင်စု ၅၀၀၀ ကျော်ကို စားကုန်များလှူဒါန်း
1 / 5
Donate to DVB

ပဲခူးမြို့က စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၅၀၀၀ ကျော် ကို We Love Bago အဖွဲ့ ကနေ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်း ၅ မျိုး ဒုတိယအကြိမ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Stay at Home သတ်မှတ်ထားတဲ့ ပဲခူးမြို့မှာ အခြေခံလူတန်းစားတွေ အလုပ်အကိုင်တွေ အဆင်မပြေဖြစ်နေကြပြီး စားဝတ်နေရေး အခက်အခဲတွေဖြစ်နေကြတာပါ။

အဲဒီအတွက် WE Love Bago အဖွဲ့ကနေ ပဲခူးမြို့က စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုပေါင်း ၅၀၀၀ ကျော်ကို သိန်း ၄၀၀ ကျော်ဖိုး ဆန်အပါအဝင် ပစွည် ၅ မျိုးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ထောက်ပံ့လှူဒါန်းခဲ့သလို အခုတကြိမ်မှာလည်း အိမ်ထောင်စု ၅၀၀၀ ကျော်ကို အလားတူ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ၃ ရက်တိုင် လှူဒါန်းနေတယ်လို့ We Love Bago အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးတင်စိုးက ပြောပါတယ်။

အခုတခါမှာတော့ အရင်တခေါက်က ကျန်ခဲ့တဲ့ သူတွေအပါအတင် အိမ်ထောင်စု ၅၀၀၀ ကျော်ကို တအိမ်ကို ဆန် ၄ ပြည်၊ ဆီ ၅၀သား၊ ပဲ ၅၀ သား၊ ဘဲဥ ၁၀ လုံးနဲ့ ငါပိဘူး ၃ ဘူးစီ လှူဒါန်းပေးနေပါတယ်။

အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင်အခက်အခဲဖြစ်နေချိန်မှာ လှူဒါန်းတာတွေနဲ့ပဲ စားနေရတာကြောင့် အခုလို လာရောက်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013