DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှ အလုပ်သမားတင်လာသည့် PPEဝတ် ယာဉ်မောင်း ၃ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၃လစီ ချမှတ်
DVB
·
October 28, 2020
ရန်ကုန်မှ အလုပ်သမားတင်လာသည့် PPEဝတ် ယာဉ်မောင်း ၃ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၃လစီ ချမှတ်
Donate to DVB

PPE ၀တ်စုံတွေ ဝတ်ဆင်ပြီး ရန်ကုန်ကနေ အလုပ်သမား ၂၅ ဦးကို ကားသုံးစီးနဲ့ တင်ဆောင်မောင်းနှင်လာတဲ့ ယာဉ်မောင်းအမျိုးသားသုံးဦးကို မိတ္ထီလာမြို့နယ်တရားရုံးကနေ အောက်တိုဘာ ၂၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ်သုံးလချမှတ်ခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံက သိရပါတယ်။

ကိုဗစ်ကာလအတွင်း ခရီးသွားလာခွင့်တွေပိတ်ထားတာကြောင့် ရန်ကုန်မြို့ လှိုင်သာယာကနေ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို ပြန်ဖို့အတွက် ကားတစ်စီးကို ငွေကျပ် ၃ သိန်းခွဲနဲ့ ကားသုံးစီးငှားရမ်းကာ အလုပ်သမား ၂၅ ဦးသယ်ဆောင်လာတဲ့ ယာဉ်မောင်း ၃ ဦးအား အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက မိတ္ထီလာမြို့မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကားသုံးစီးပေါ်မှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၀ ဦးနဲ့ ယာဉ်မောင်း ၃ ဦး လိုက်ပါလာခဲ့ပြီး ကားတွေဟာ အရေးပေါ်မီးတန်းတပ်ဆင်ကာ ပရဟိတ ကား အယောင်ဆောင်ပြီး မိတ္ထီလာမြို့ကနေဖြတ်သန်းခဲ့ပြီး ကျောက်ပန်းတောင်းမြို့အရောက်မှာ အဝင်မခံလို့ မိတ္ထီလာကို ပြန်လှည့်လာရာက စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မိတ္ထီလာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူ တစ်ဦးက "ဒီနေ့ ကွာရန်တင်းပြည့်လို့ တခါတည်း တရားစွဲတင်လိုက်တာပါ၊ မိတ္ထီလာမြို့နယ် တရားရုံးကနေ အလုပ်နဲ့ထောင် ၃ လ  ချလိုက်ပါတယ်" လို့ ပြောပါတယ်။

အလုပ်သမား ၂၅ ဦးကိုတော့ နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့​ကာ ယာဉ်မောင်း ၃ ဦးအား မိတ္ထီလာမြို့နယ်ရှိ အထက ၁ ကျောင်းမှာ  ကွာရန်တင်းထားရှိခဲ့ပြီးနောက်   မိတ္ထီလာမြို့မရဲစခန်းမှာ သဘောဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013