DVB Logo
Home
မြန်မာသတင်း
တရုတ်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား ၁၀၈ ဦး နေရပ်ပြန် 
DVB
·
October 27, 2020
တရုတ်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား ၁၀၈ ဦး နေရပ်ပြန် 
Donate to DVB

တရုတ်နိုင်ငံမှာ အ​ကြောင်းအမျိုးမျိုး​ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၈ ဦးကို မူဆယ်မြို့မှတဆင့် ​​အောက်တိုဘာ ၂၆ ရက်​ကစပြီး မိမိ​နေထိုင်ရာ နေရပ်​ဒေသသို့ ပို့​ဆောင် ​ပေး​နေ​တယ်လို့ မူဆယ်မြို့ တရုတ်​ကျောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က ပြောပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ထင်ချုန်းမြို့ ပေါက်ရှန် အကျဉ်းထောင်မှ မြန်မာနိုင်ငံသား အမျိုးသား ၅၆ ဦးနဲ့  အမျိုးသမီး ၅၉ ဦး၊ စုစု​ပေါင်း ၁၀၈ ဦးကို အောက်တိုဘာလ ၂၃ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း​ပေးခဲ့​တာဖြစ်ပြီး အများစုက ပတ်စ်ပို့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေဖြစ်ပါတယ်။  

လွှဲပြောင်းလာသူအားလုံးကို HIV နဲ့ ကိုဗစ်-၁၉ ရှိ၊ မရှိ Sweb နဲ့ သွေးနမူနာတွေ ရယူကာ ဆေးစစ်​ပေးပြီး ​အားလုံး ရောဂါကင်းစင်လို့  ၁၀၇ ဦးကို သက်ဆိုင်ရာ နေရပ်​ဒေသ ကို ​အောက်တိုဘာ ၂၆ ရက်​ကစတင်  ပြန်လည်ပို့​ဆောင်​ပေး​နေပြီး တစ်ဦးကတော့  မိမိ​ပြန်ရမယ့် နေရပ်လိပ်စာမသိတာ​ကြောင့် ကျန်​နေခဲ့တယ်လို့ ​တရုတ်​ထောင်လွှဲတွေကို ပူး​ပေါင်းကူညီ ပေး​နေ​တဲ့ ဝိုင်အမ်စီ​အေအသင်း တာဝန်ခံ ဦး​ဇော်​အောင်က ​ပြောပါတယ်။

အရင်က ​ထောင်လွှဲတွေကို ​​မိမိ​​​နေရပ်ဒေသ ​ရောက်မှသာ ​ဆေးစစ်တာ၊ ကွာရန်တင်း ဝင်​စေတာတွေ လုပ်​ခဲ့​ပေမယ့်လည်း ​ရောဂါထိန်းချုပ်မှု ပိုမိုထိ​ရောက်​စေဖို့ မူဝါဒ​ပြောင်းလဲပြီး နယ်စပ်​ဒေသမှာအပြီး ​ဆေးစစ်ပြီးမှ ​နေရပ်​ဒေသ ပြန်​လည်ပို့​ဆောင်​ပေး​တာဖြစ်​ပါတယ်။

ကိုဗစ် ပထမလှိုင်းအစက နေရပ်ပြန်သူတွေကို  တရုတ်နိုင်ငံဘက်က ရောဂါပိုး စစ်ပြီးမှလွှဲ​ပြောင်း​ပေးခဲ့​ပေမယ့် မူဆယ်​ရောက်ချိန် ထပ်မံစစ်​ဆေးရာမှာ ကိုဗစ်ပိုး​တွေ့တဲ့ လူနာလည်း ရှိခဲ့ဖူးပါတယ်။ 

သောကြာ​နေ့တိုင်း ​ထောင်လွှဲတွေကို လွှဲ​ပြောင်း​ပေး​နေရာမှ လက်ရှိ မြန်မာနိုင်ငံဘက်က လက်ခံမယ့်နေရာမှာ အိပ်ယာ မလုံ​လောက်မှု အခက်အခဲနဲ့ ဆေးစစ်​ဆေးပေးနိုင်မှု ​ပေါ်မူတည်ပြီး မြန်မာနိုင်ငံဘက်မှ လက်ခံနိုင်မည့် ဦး​ရေကိုသာ လွှဲ​ပြောင်း​စေကာ ကျန်တာ​တွေကို တရုတ်ဘက်မှာ ခဏ လက်လွှဲထားရတယ်လို့ မူဆယ် တရုတ်​ကျောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က ​ရှင်းပြပါတယ်။

အရင်က ဦး​ရေ ၂၀၀ ​ကျော်ထိ လက်ခံနိုင်ခဲ့​ပေမယ့် ၉ လ အတွင်း ​အလှူရှင်တွေ ​ထောက်ပံ့လှူဒါန်းထား​တဲ့ ခေါင်းအုံး၊ ​စောင်၊ ခြင်​​ထောင်တွေ တချို့လည်းပျက်စီး လာပြီး အလှူရှင်တွေလည်း အရင်လို မရှိ​တော့တာ​​ကြောင့် အခုမှာ ၁၁၅ ဦးသာ လက်ခံနိုင်​တော့​​တယ်လို့ တရုတ် ထောင်လွှဲသူတွေကို ကူညီ​ထောက်ပံ့တဲ့ စေတနာ့ ဝန်ထမ်းတွေထံက သိရပါတယ်။

သတင်း - Pra Jaw၊ ဓာတ်ပုံ - ဦးမန်းမျိုးမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013