ကြိုတင်မဲပေးသူများ ပါတီတံဆိပ်ပါ အဝတ်အစား၊ အသုံးအဆောင်များ မဝတ်ရန် ကော်မရှင် သတိပေး
DVB
·
October 26, 2020

ကြိုတင်ဆန္ဒမဲလာပေးရာမှာ နိုင်ငံရေးပါတီတံဆိပ်ပါ အဝတ်အစား၊ အသုံးအဆောင်တွေ မဝတ်ကြဖို့ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၅ ရက်က ကြေညချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ကြိုတင်ဆန္ဒမဲပေးဖို့ အကျုံးဝင်သူတွေ၊ Quarantine ဝင်နေသူတွေ၊ အသက် ၆၀ နဲ့အထက် အသက်ကြီးတဲ့ မဲဆန္ဒရှင်ပြည်သူတွေ ကြိုတင်ဆန္ဒမဲပေးဖို့ အောက်တိုဘာ ၂၉ ရက်နေ့ သတ်မှတ်နေရာတွေမှာ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကိုယ်ဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ကုသရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဖို့လိုအပ်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးက တာဝန်ရှိသူတွေအနေနဲ့လည်း ရောဂါကာကွယ်ရေးဆိုင်ရာ အစီအမံတွေ စီစဉ်ဆောင်ရွက်ထားရှိဖို့ တိုက်တွန်းထားပါတယ်။
နေအိမ်တွေမှာ ကြိုတင်ဆန္ဒမဲပေးမယ့် မဲဆန္ဒရှင်ပြည်သူတွေ ကျန်းမာရေးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ ဆောင်ရွက်နိုင်ဖို့ ကော်မရှင်အဖွဲ့ခွဲတွေက လုပ်ဆောင်ပေးရမယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ ကြိုတင်ဆန္ဒမဲပေးကြမယ့်သူတွေအတွက် ပါးစပ်၊ နှာခေါင်းစည်း(Mask)၊ Face Shield၊ ၊ ရေမလို လက်သန့်ဆေးဘူးတွေကို ထားရှိပေးသွားမှာ ဖြစ်ပါတယ်။
သတင်း- သက်နိုင်ဝင်း