DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၄၂၃ ဦးတွင် ရန်ကုန်က ၁၀၇၁ ဦး၊ အနံ့မရသူ ၃၃၈ ဦးပါဝင်
DVB
·
October 25, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၄၂၃ ဦးတွင် ရန်ကုန်က ၁၀၇၁ ဦး၊ အနံ့မရသူ ၃၃၈ ဦးပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၄၂၃  ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁၀၇၁ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၇ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ စမ်းချောင်း ၁၀၇ ယောက်၊ မင်္ဂလာဒုံ ၉၅ ယောက်၊ မရမ်းကုန်း ၉၃ ယောက်၊ လှိုင်သာယာ ၈၈ ယောက်၊ မြောက်ဥက္ကလာ ၇၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၁  မြို့နယ်  ပါဝင်နေတာ ဖြစ်ပါတယ်။

ကျန်တိုင်းနဲ့ပြည်နယ်တွေထဲမှာတော့ မန္တလေးတိုင်း ၁၁ မြို့နယ်က ၈၇ ယောက်၊ ရခိုင်ပြည်နယ် ၁၀ မြို့နယ် ၁၇ ယောက်၊ ပဲခူးတိုင်း ၁၂ မြို့နယ် ၁၃၈ ယောက်၊ ဧရာဝတီတိုင်း ၁၁ မြို့နယ် ၇၁ ယောက်၊ မွန်ပြည်နယ် ၂ မြို့နယ် ၅ ယောက်၊ မကွေးတိုင်း ၃ မြို့နယ် ၃ ယောက်၊ နေပြည်တော် လယ်ဝေး ၃ ယောက်၊ စစ်ကိုင်းတိုင်း ၃ မြို့နယ် ၈ ယောက်၊ တနင်္သာရီတိုင်း ထားဝယ် ၂ ယောက်၊ ကရင်ပြည်နယ် ၃ မြို့နယ် ၁၄ ယောက်၊ ချင်းပြည်နယ် တီးတိန် ၁ ယောက်၊ ကချင်းပြည်နယ် ဖားကန့် ၃ ယောက် အသီးသီးတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၃၈ ယောက်  ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၃၇၈၈ ယောက်၊ သေဆုံးသူ ၁၀၆၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၃၇၀၈ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၁ ဒသမ ၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013