DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ်(မြောက်ပိုင်း) တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 24, 2020
ဒဂုံမြို့သစ်(မြောက်ပိုင်း) တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
1 / 2
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာ ကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့  ဖမ်းဆီးရမိတယ်လို့  မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက်နေ့ ၁၄း၁၅ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၇ ရပ်ကွက်ရှိ မသီသီဇော်ရဲ့ နေအိမ်ခန်းအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀ ပြား (ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂.၈ သိန်း)၊ ဘိန်းဖြူအလေးချိန် ၂၀ ဂရမ် (တန်ဖိုးငွေကျပ် ၁၄ သိန်း)၊ Ice အလေးချိန် ၂၄၀ ဂရမ် (တန်ဖိုးငွေကျပ်သိန်း ၆၀ )၊ လက်ကိုင်ဖုန်း ၁ လုံးနဲ့ မြန်မာငွေကျပ် ၁၀ သိန်းတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။

အလားတူ ညနေ ၁၅း၁၅ အချိန်ကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၂၈ ရပ်ကွက်ရှိ နေအိမ်တလုံးအား ဝင်ရောက်ရှာဖွေရာ အိမ်ရှင်စောအောင်နိုင်နဲ့အတူ သက်နောင်၊ ကံဌေး တို့အား တွေ့ရှိပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၁၈၀ ပြား (တန်ဖိုးငွေကျပ် ၉၇၄.၁၆ သိန်း)၊ မြန်မာငွေ ၁၀ သိန်းနဲ့ လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိသူတွေကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo : CCDAC Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013