DVB Logo
Home
မြန်မာသတင်း
Mask များကို စနစ်တကျ တပ်ဆင်စွန့်ပစ်ကြရန် လွိုင်ကော်တွင် ကမ်ပိန်းပြုလုပ်
DVB
·
October 24, 2020
Mask များကို စနစ်တကျ တပ်ဆင်စွန့်ပစ်ကြရန် လွိုင်ကော်တွင် ကမ်ပိန်းပြုလုပ်
1 / 3
Donate to DVB

ကိုဗစ်-၁၉ ကာကွယ်ဖို့ ပြည်သူတွေ အသုံးပြုခဲ့ကြတဲ့ မျက်နှာဖုံးတွေ (Mask) ကို စနစ်တကျ စွန့်ပစ်ကြဖို့ ရည်ရွယ်ပြီး လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး(တောင်ဈေး) မှာ ဒီနေ့ အသိပညာပေး စည်းရုံးလှုံ့ဆော်တာတွေ လုပ်နေပါတယ်။

ကယားပြည်နယ်ေ လူမှုအဖွဲ့အစည်းတွေပူးပေါင်းပါဝင်တဲ့ Clean Kayah အဖွဲ့ဟာ ဒီကနေ့ Mask တွေကို လိုက်လံကောက်ယူခဲ့ပြီး Mask တနစ်တကျ စွန့်ပစ်ဖို့ အသိပညာပေး ကမ်ပိန်း လုပ်ဆောင်တာဖြစ်ပါတယ်။

Clean Kayah အဖွဲ့မှာပါဝင်တဲ့ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက လွိုင်ကော်ညှိနှိုင်းရေးမှူး မခူးဒိုက “ကျမတို့တွေမှာ Mask ကို စနစ်တကျတပ်သလို စနစ်တကျ စွန့်ပစ်ဖို့ကလည်း အရေးကြီးတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော ဒီ Mask က ကျမတို့ကို ကိုဗစ်-၁၉ ကနေ ကာကွယ်ပေးနိုင်သလို တဖက်မှာလည်း ကျမတို့ အသေအချာအသုံးမပြုဘူးဆိုရင်လည်း ကျမတို့ကို ပြန်ပြီးတော့ အန္တရာယ်ပြုနိုင်တဲ့အတွက် ဒီဟာကို လူထုတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့်သိလာအောင် ကျမတို့တွေ အခုလို ပညာပေးအစီစဉ်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီအစီစဉ်မှာ Clean Kayah အဖွဲ့က အဖွဲ့ဝင်တွေအပါအဝင် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတချို့၊ ဈေးကော်မတီက ဝန်ထမ်းတချို့နဲ့မြို့နယ်ထွေထွေရုံးက တာဝန်ရှိသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

Mask တွေကို ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့ကာလမှာ အသုံးပြုမှု များပြားလာတဲ့အတွက် ကိုဗစ်ကာကွယ်နိုင်ရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွက် အခုလို ကာကွယ်လုပ်ဆောင်တာလို့ မခူးဒိုက ပြောပါတယ်။

“ကျမတို့ ကယားပြည်နယ်မှာ လူဦးရေ ၃ သိန်းဝန်းကျင်ရှိတဲ့အထဲမှာ တနေ့မှာ လူ ၁ သောင်းခန်က Mask တွေဝတ်ဆင်ပြီးတော့ စွန့်ပစ်မယ်၊ ၂ ရက်မှာ သုံးသောင်းဖြစ်မယ်။ တပတ်မှာဆိုရင် ဘယ်လောက်ဖြစ်သွားမလဲပေါ့။ ဒီဟာက အခုကတည်းက ကျမတို့ မလုပ်ထားလို့ရှိရင် နောက်ပိုင်း အမှိုက်ပုံတခုလို ဖြစ်လာမယ်ပေါ့နော်။ ပြီးလို့ရှိရင် ကျမတို့နဲ့ အနီးစပ်ဆုံး ထိစပ်နေတဲ့ အိမ်နေသတ္တဝါတွေကလည်း ဒါကို ဆွဲစားတာမျိုးကလည်း တဆင့်ပြီးတဆင့် ရောဂါပိုပြီးတော့ ပြန့်ပွားမှာစိုးလို့ ကျမတို့က ဒီလိုမျိုးတွေ ပြုလုပ်ခြင်းဖြစ်ပါတယ်။”

ဒီကမ်ပိန်းလှုပ်ရှားမှုမှာ စွန့်ပစ် Mask တွေကို ကောက်တာ၊ ပညာပေးလက်ကမ်းစာစောင် ပေးဝေတာ၊  mask စနစ်တကျတပ်ဖို့ လိုသလို စနစ်တကျစွန့်ပစ်ဖို့ သတင်းစကားနဲ့အတူ ဈေးအဝင်အထွက်လို လူသွားလူလာများတဲ့နေရာကိုလည်း ဗီနိုင်းတွေ၊ စတစ်ကာကပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

လွိုင်ကော်သိရိမင်္ဂလာဈေးက စွန့်ပစ် Mask ကောက်ခံပြီးနောက်မှာတော့ နောင်ယားကန်မှာလည်း လိုက်လံကောက်ယူခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၇ ရက်နေ့ကလည်း  ဒီးမော့ဆိုမြို့ မြို့မဈေးမှာ အလားတူ အသိပညာပေး စည်းရုံးလှုပ်ဆော်မှုတွေ လိုက်လံပြုလုပ်ခဲ့ပြီး  ဒီကနေ့အပါအဝင် စွန့်ပစ် Mask တွေ လိုက်ကောက်တာ ၆ ကြိမ်မြောက်ရှိပြီလို့လည်း မခူးဒိုက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013