DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု စထိန်းနိုင်ပြီဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
October 24, 2020
ရန်ကုန်တိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု စထိန်းနိုင်ပြီဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Donate to DVB

ရန်ကုန်တိုင်းမှာ ကိုဗစ် ၁၉ ကူးစက်မှုနဲ့ပတ်သက်ပြီး စတင်ထိန်းနိုင်ပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၂၃ ရက်ညက ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောဆိုသွားခဲ့တာပါ။ 

“ရန်ကုန်မှာဆိုရင် အခု ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး စပြီးတော့ ထိန်းနိုင်ပါပြီ၊ စရုံပဲ ရှိပါသေးတယ်၊ ထိန်းနိုင်သွားပြီလို့ ပြောတာမဟုတ်ပါဘူး။ စပြီးတော့ ထိန်းနိုင်ပါပြီဆိုတာ ဘယ်လိုပြောချင်တာလဲဆိုတာ  အရင်အမြင့်ဆုံးအဆင့်ကနေ ကျလာပြီ။ သို့သော်လည်း အတက်အကျတော့ ရှိသေးတာပဲ၊ လုံးဝဆက်ပြီးတော့ ကျတာမဟုတ်ဘူး။ ကျလိုက်၊ နည်းနည်းတက်လိုက်၊ နည်းနည်းကျလိုက်၊ တက်လိုက်ပေါ့။ အဲဒီတော့ စပြီးတော့ ထိန်းလို့ရပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းနိုင်ဖို့ဆိုရင် ဆက်ပြီးတော့ လုပ်ရဦးမယ်။”

 ကိုဗစ် ရောဂါက အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ ဘဝအကျပ်အတည်းတွေ ရှိလာလို့ ပြည်သူတွေကို နောက်ထပ်တစ်ကြိမ် ထပ်မံပံ့ပိုးနိုင်ဖို့ အစီအစဉ်တွေချမှတ်နေပြီး ရာခိုင်နှုန်းအပြည့် မပံ့ပိုးပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ 

Quarantine ဝင်သင့်တဲ့သူတွေ အမြန်ဝင်နိုင်ဖို့နဲ့ ဆေးရုံတက်သင့်တဲ့သူတွေ မြန်မြန်ဆန်ဆန် တက်နိုင်အောင် တချို့ကိစ္စတွေမှာ တိုင်းဒေသကြီးကမဟုတ်ဘဲ မြို့နယ်အဆင့်က ဆုံးဖြတ်နိုင်အောင် အစီအစဉ်အသစ် တွေလုပ်နေတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးပေါ်တာနဲ့ အသုံးပြုနိုင်ဖို့နဲ့ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ဖို့ လုပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့ အခုကတည်းက ဆက်သွယ်ဆောင်ရွက်နေပြီး ကာကွယ်ဆေး ရတာနဲ့ ပြည်သူတွေ မြန်မြန်ဆန်ဆန် သုံးနိုင်မယ်လို့ ဆိုပါတယ်။ 

စက်ရုံ အလုပ်ရုံ တချို့ကို ပြန်ဖွင့်ခွင့်ပေးလိုက်တာကြောင့် Stay At Home လွတ်သွားပြီလို့ ထင်ကြတာတွေရှိနေလို့ အခုချိန်ထိ  Stay At Home က တည်ဆဲဖြစ်တာကြောင့် သည်းခံပြီး စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013