DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၃၀၈ ဦးတွင် ရန်ကုန်က ၁,၀၅၆ ဦး၊ အနံ့မရသူ ၁၀၁ ဦး ပါဝင်
DVB
·
October 23, 2020
ကိုဗစ်-၁၉ လူနာသစ် ၁,၃၀၈ ဦးတွင် ရန်ကုန်က ၁,၀၅၆ ဦး၊ အနံ့မရသူ ၁၀၁ ဦး ပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၀၈ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၁,၀၅၆  ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ  ၆ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ သင်္ယန်းကျွန်းက ၁၀၆ ယောက်၊ မြောက်ဥက္ကလာ  ၉၅ ယောက်၊ လှိုင်သာယာ ၈၄ ယောက်၊ မင်္ဂလာဒုံနဲ့ တောင်ဒဂုံ ၇၉ ယောက်စီ၊ အင်းစိန် ၇၅ ယောက်၊ ရန်ကင်း ၆၅  ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၃ မြို့နယ်  ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်  ၁၀ ခုမှာ  ၃၈ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ်  ၁၁ ခုမှာ ၄၄ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၁ ခုမှာ ၁၁၂ ယောက်၊ ဧရာဝတီတိုင်း  မြို့နယ်မှာ  ၁၀ ခုမှာ ၂၂  ယောက်၊ မွန်ပြည်နယ်မြို့နယ် ၂ ခုမှာ ၆  ယောက်၊ မကွေးတိုင်းမြို့နယ်  ၃ ခုမှာ ၅ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၃ ခုမှာ ၈ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၁၂ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၂   ယောက်၊ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ၁ ယောက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၁ ယောက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၀၁ ယောက်  ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၃၁၂ ယောက်ထဲမှာ ၄ ယောက်က ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးတာဖြစ်လို့ အတည်ပြုလူနာ ၁၃၀၈ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၄၁,၀၀၈ ယောက်၊ သေဆုံးသူ ၁,၀၀၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၂၁,၁၄၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၁ ဒသမ ၂ သန်း ကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013