DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိ
DVB
·
October 23, 2020
မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိ
Donate to DVB

မကွေးတိုင်းမှာ အောက်တိုဘာ ၂၂ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။

ရန်ကုန် NHL နဲ့ Test Kits တွေနဲ့ စစ်ဆေးချက်အရ မင်းဘူးမြို့နယ်က ၃ ဦး၊ တောင်တွင်းကြီးမြို့နယ်က ၂ ဦး၊ အောင်လံမြို့နယ်က ၁ ဦးနဲ့ ချောက်မြို့နယ်က ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မကွေးတိုင်း ပြည်သူ့ကျန်မာရေးဦးစီးဌာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

လူနာတွေနဲ့ ထိစပ်ခဲ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးမှာဖြစ်ပြီး လူနာတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ကုသပေးနေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ တနေ့တထက်တနေ့ ပိုမိုများပြာလာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအပြင်မထွက်ဖို့၊ မကြာခဏလက်ဆေးဖို့၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အထူးဂရုပြု လိုက်နာဖို့တိုက်တွန်းလိုတယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

မကွေးတိုင်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက် ၃၇၃ ဦးထိရှိလာပြီး ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံဆင်းခွင့်ရရှိသူ ၂၀၉ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013