DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ် မောင်တောမြို့၏ ရေမိုင် ၂၆၀ ခန့်အတွက် ပင်လယ်ပြင်ကို ဗဟိုပြုနေ
DVB
·
October 23, 2020
မုန်တိုင်းငယ် မောင်တောမြို့၏ ရေမိုင် ၂၆၀ ခန့်အတွက် ပင်လယ်ပြင်ကို ဗဟိုပြုနေ
Donate to DVB

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် ဟာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး မောင်တောမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။

ဒီနေ့ ညနေအထိခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာကျဲကျဲ၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းမှာ ဒေသအလိုက်၊  မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးကာ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေလောက်ရှိနိုင်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ 

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်းရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ် ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေ မြေပြိုမှုနဲ့ လျှပ်တစ်ပြက်ရေကြီး၊ ရေလျှံမှု အန္တရာယ်တွေကို ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

နောက် ၂ ရက်အတွင်းမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးဆက်လက်ပိုနေမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013