DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတနှင့်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့  နေပြည်တော်တွင် မနက်ဖြန် ကြိုတင်မဲပေးမည် 
DVB
·
October 22, 2020
နိုင်ငံတော်သမ္မတနှင့်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့  နေပြည်တော်တွင် မနက်ဖြန် ကြိုတင်မဲပေးမည် 
Donate to DVB

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်မှာ မနက်ဖြန် အောက်တိုဘာ ၂၃ ရက်နေ့ ကြိုတင်ဆန္ဒမဲပေးကြမှာဖြစ်တယ်လို့  ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

နိုင်ငံတော်သမ္မတနဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  ပြည်ထောင်စုနယ်မြေမှာပဲ ကြိုတင်မဲ ပေးဖို့အတွက် ပုံစံ (၁၅) နဲ့ လျှောက်ထားခဲ့ကြတာပါ။

"ဟုတ်ပါတယ်။ ဇမ္ဗသီရိမြို့နယ်မှာ၊ပေးကြမှာပါ"လို့  ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက   ပြောပါတယ်။ ဒါပေမဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ ကြိုတင် မဲပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး  အသေးစိတ်ပြောဆိုတာတော့ မရှိပါဘူး။

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် မဲရုံတွေမှာ တန်းစီရမယ့်သူ အရေအတွက်နည်းသွားအောင်နဲ့ ရောဂါကူးစက်မှုမဖြစ်စေဖို့ အသက် ၆၀ ကျော်အရွယ် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးလို့ရအောင် စီစဉ်နေတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၉ ရက်နေ့က  ပြောကြားထားပါတယ်။

“Stay at Home မြို့နယ်တွေမှာ ဆိုရင် ၆၀ ကျော်တွေ အားလုံးဟာ ကြိုတင်မဲပေးနိုင်မှာ ဖြစ်တာကြောင့်မို့လို့ ရွေးကောက်ပွဲနေ့မှာလည်း အခြေအနေပိုပြီး ကောင်းသွားမယ်။ ကျန်းမာရေးအရလည်း ကျမတို့ အနေနဲ့ ၆၀ ကျော်တွေအတွက် ပိုပြီးတော့ စိတ်ချရမှာ ဖြစ်ပါတယ်။ ကျမလည်း  ကြိုတင်မဲပေးလို့ရတာပေါ့” လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း မဲရုံကို ကိုယ်တိုင် လာရောက်ဆန္ဒမဲ မပေးနိုင်တဲ့ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေ နေအိမ်မှာ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေကို အောက်တိုဘာ ၁၀ ရက်နေ့က ညွှန်ကြားထားပါတယ်။

သတင်း- ထက်ဝေအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013