DVB Logo
Home
မြန်မာသတင်း
နှင်းဆီပါတီဝင် ၃၀,၀၀၀ ကျော် ကြံ့ခိုင်ရေးပါတီသို့ ပူးပေါင်းဝင်ရောက် 
DVB
·
October 22, 2020
နှင်းဆီပါတီဝင် ၃၀,၀၀၀ ကျော် ကြံ့ခိုင်ရေးပါတီသို့ ပူးပေါင်းဝင်ရောက် 
Donate to DVB

ဖျက်သိမ်းခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင် ၃၀,၅၀၀ လောက်ဟာ အောက်တိုဘာ ၁၈ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ  ကြံ့ခိုင်ရေးပါတီသို့ ပူးပေါင်းဝင်ရောက်လိုက်ပါတယ်။

အောက်တိုဘာ ၂၀ ရက်ကလည်း မြဝတီမြို့တွင်း ကြံ့ခိုင်ရေးပါတီ ဝန်းရံသူတွေ အင်အားပြရာမှာ ပါဝင်လှည့်လည်ခဲ့ကြတယ်လို့  ပယ်ဖျက်ခံရတဲ့ UDP ပါတီကိုယ်စားလှယ်လောင်း  နိုင်မြင့်အောင် က ပြောပါတယ်။

“ကျနော်တို့ အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီက  မြဝတီမြို့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) နှင်းဆီပါတီက ပါတီဝင် ၃၀,၅၀၀ ဦးရဲ့ ဒီမိုကရေစီ အများဆန္ဒ သဘောထားအရ ပြည်ခိုင်ဖြိုးပါတီ (USDP) ပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ကြပြီး နေအိမ်တွေမှာ USDP ပါတီအလံ ၁၁၀ လွှင့်ထူခဲ့ကြပါတယ်။ ငါနဲ့ ဆန္ဒမတူ ငါ့ရန်သူမရှိပါဘူး၊ အားလုံးဟာ မဲမကွဲပါဘူး  မြဝတီမြို့နယ် တိုးတက်ဖို့ လုပ်ဆောင်မယ်။ နိုင်ငံပါတီတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာပါ။ ကျနော်တို့ကို လှောင်မယ်၊ နိမ့်ချမယ်၊ ဆဲမယ်၊ ခွဲခြားမယ် ဆိုတဲ့ ပါတီတွေနဲ့တော့ မပူးပေါင်းနိုင်ပါဘူး။ ကျနော် ကိုယ်တိုင်လည်း မြဝတီလူထုအကျိုးပြု စေတနာရှင် ပရဟိတ အဖွဲ့ဦးဆောင်လုပ်နေသူဆိုတော့ ဒေသအကျိုးကို နိုင်တဲ့နေရာက ဆက်လက်လုပ်ဆောင် မှာပါ”လို့ ပြောပါတယ်။

UDP ပါတီ ဦးဆောင်သူ ဦးကျော်မြင့်ကို မန္တလေးထောင်မှာ ဖမ်းဆီးထားပြီး  အောက်တိုဘာ ၂၀ ရက်နေ့က ထောင်ပြေးမှုနဲ့ တရားရုံးမှာ စွဲချက်တင်စတင်စစ်ဆေးနေပါတယ်။

ပြည်နယ်နဲ့ တိုင်းတချို့ မြို့နယ်တွေမှာ UDP ပါတီ ခေါင်းဆောင်သူတွေနဲ့ ပါတီဝင်တွေဟာ တခြားနိုင်ငံရေး ပါတီတွေကို ပူးပေါင်းဝင်ရောက်တာ၊ ပါတီဆိုင်းဘုတ် ဖြုတ်ချတာတွေလည်း ပြုလုပ်နေကြပါတယ်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က UDP ပါတီကို ဖျက်သိမ်းထားကာ ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်ကိုလည်း ပယ်ဖျက်ကြောင်းနဲ့ UDP ပါတီ ကိုယ်စားလှယ်လောင်းတွေကို မဲပေးပါက ပယ်မဲအဖြစ် သတ်မှတ်မယ်လို့လည်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013