DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ် မောင်တောမြို့၏ ရေမိုင် ၃၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ
DVB
·
October 22, 2020
မုန်တိုင်းငယ် မောင်တောမြို့၏ ရေမိုင် ၃၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ
Donate to DVB

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့  အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံ၊ မောင်တောမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီနေ့မွန်းလွဲမှာ ထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။

မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ် ရောက်ရှိ နိုင်ပြီး မြောက်-အရှေ့ မြောက်ဘက်ကို ရွေ့လျားကာ အောက်တိုဘာ ၂၃ ရက်နေ့၊ မွန်းလွဲ/ညနေပိုင်း မှာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဆာဂါကျွန်းနဲ့ ခီပူပါရာ (Khepupara) မြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့နေ့လယ်ကနေ  အောက်တိုဘာ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၁၀ ပေခန့်ရှိနိုင်ပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေဟာ တစ်နာရီကို ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်းရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ် ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေ မြေပြိုမှုနဲ့ လျှပ်တစ်ပြက်ရေကြီး၊ ရေလျှံမှု အန္တရာယ်တွေကို ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013