
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ဟာ အာဆီယံဟာ အလုံခြုံဆုံးမြို့အဖြစ် ရပ်တည်နေပြီး ဘန်ကောက်နဲ့ စင်ကာပူကို ကျော်လွန်ကာ ကမ္ဘာပေါ်မှာ လုံခြုံမှုအရှိဆုံးမြို့နေရာမှာ အဆင့် ၁၈ နဲ့ ရပ်တည်နေပါတယ်။
ဆားဘီးယားမှ ထိပ်တန်းသုတေသနဝက်ဘ်ဆိုက်တခုဖြစ်တဲ့ NUMBEO ဟာ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွက် အလုံခြုံဆုံးမြို့များဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ရာ ချင်းမိုင်မြို့ ပါဝင်လာတာ ဖြစ်ပါတယ်။
ချင်းမိုင်မြို့ဟာ အာဆီယံဒေသတွင်း အလုံခြုံဆုံးမြို့အဖြစ် နံပါတ် ၁ နေရာမှာ ဆက်လက်ရပ်တည်နေပြီး ဘေးကင်းရေးညွှန်းကိန်း ၇၈ ဒသမ ၀ နဲ့ အာရှမှာ အဆင့် ၁၀ နဲ့ ကမ္ဘာအဆင့်တွင် နံပါတ် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။
အာဆီယံဒေသတွင်း အလုံခြုံဆုံးမြို့ ၁၀ မြို့ကတော့ နံပါတ် ၁ ထိုင်းနိုင်ငံ၊ ချင်းမိုင် (ဘေးကင်းရေးညွှန်းကိန်း ၇၈ ဒသမ၀)၊ နံပါတ် ၂ စင်ကာပူ (ဘေးကင်းရေးညွှန်းကိန်း ၇၇ ဒသမ ၇)၊ နံပါတ် ၃ ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗာအိုမြို့ (ဘေးကင်းရေးညွှန်းကိန်း ၇၁ ဒသမ ၂)၊ နံပါတ် ၄ မလေးရှားနိုင်ငံ ပီနန်မြို့ (ဘေးကင်းရေးညွှန်းကိန်း ၇၁ ဒသမ ၁)၊ နံပါတ် ၅ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ (ဘေးကင်းရေးညွှန်းကိန်း ၆၆ ဒသမ ၂)၊ နံပါတ် ၆ ဖိလစ်ပိုင်နိုင်ငံ မာကာတီမြို့ (ဘေးကင်းရေးညွှန်းကိန်း ၆၂ ဒသမ ၃)၊ နံပါတ် ၇ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (ဘေးကင်းရေးညွှန်းကိန်း ၆၁ ဒသမ ၆)၊ နံပါတ် ၈ ဖိလစ်ပိုင်နိုင်ငံ အီလိုအီလိုမြို့ (ဘေးကင်းရေးညွှန်းကိန်း ၆၀ ဒသမ ၅)၊ နံပါတ် ၉ ထိုင်းနိုင်ငံ ပတ္တရားမြို့ (ဘေးကင်းရေးညွှန်းကိန်း ၅၄ ဒသမ ၉)နဲ့ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့ (ဘေးကင်းရေးညွှန်းကိန်း ၅၁ ဒသမ ၁) တို့ ပါ၀င်ပြီး မြန်မာနိုင်ငံက မြို့တွေကတော့ မပါဝင်ပါဘူး။











