DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် အနာကြီးရောဂါသည် ၃၅၀၀ ကျော်ကို အစိုးရက ထောက်ပံ့ငွေ ပေးအပ်
DVB
·
October 21, 2020
မကွေးတိုင်းတွင် အနာကြီးရောဂါသည် ၃၅၀၀ ကျော်ကို အစိုးရက ထောက်ပံ့ငွေ ပေးအပ်
1 / 4
Donate to DVB

ကိုဗစ်-၁၉ ကာလ မကွေးတိုင်းဒေသကြီးအတွင်းရှိ  ကိုယ်အင်္ဂါချို့ယွင်းတဲ့ အနာကြီးရောဂါသည် ၃၅၀၀ ကျော်အတွက် အစိုးရက ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ မကွေးတိုင်း အနာကြီးရောဂါတိုက်ဖျက်ရေးဌာနက သိရပါတယ်။

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အနာကြီးရောဂါ တိုက်ဖျက်ရေး တာဝန်ခံ ဦးညီညီလွင်က "ကိုယ်အင်္ဂါ ချို့ယွင်းမှု အဆင့်(၂) ရှိတဲ့ အနာကြီးရောဂါသည် ၃၅၀၀ ကျော်ကို နိုင်ငံတော်အစိုးရကနေ တစ်ဦးကို ၅၀၀၀၀ ကျပ်နှုန်းစီထောက်ပံ့ပေးတာဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အနာကြီးရောဂါသည်တွေကို အဆင့်(၀)  ပကတိအတိုင်းရှိနေတဲ့ ကိုယ်အင်္ဂါမချို့ယွင်းတဲ့ အနာကြီးရောဂါသည်၊ အဆင့်(၁) ကိုယ်အင်္ဂါချို့ ယွင်းစအနာကြီးရောဂါသည်၊ အဆင့်(၂) ကိုယ်အင်္ဂါချို့ယွင်းတဲ့အနာကြီးရောဂါသည် ဆိုပြီးအဆင့်(၃)ဆင့်ခွဲခြားထားတာဖြစ်ပါတယ်။

အဲဒီ ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိတဲ့ အနာကြီးရောဂါသည်တွေ ထောက်ပံ့မှုကို စက်တင်ဘာလကနေစတင်ကာ အခြေခံကျန်းမာရေးဝန်ထမ်းတွေက အိမ်အရောက် ထောက်ပံ့ ပေးခဲ့တာဖြစ်ပြီးတော့ အားလုံးနီးပါးကိုထောက်ပံ့ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးမှာ အနာကြီးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၀၀၀၀ လောက်ရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013