DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ဒီဇင်ဘာလအထိ ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
October 20, 2020
မြစ်ကြီးနားတွင် ဒီဇင်ဘာလအထိ ညမထွက်ရအမိန့် ထုတ်ပြန်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ များပြားလာတဲ့အတွက်ကြောင့် အောက်တိုဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ၂ လတိတိ ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သက်တမ်းတိုး ထုတ်ပြန်ပါတယ်။ 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ကျန်းမာရေးနဲ့ နာရေးကိစ္စဆောင်ရွက် သူတွေကလွဲပြီး ည ၁၂ နာရီမှ  မနက် ၄ နာရီအတွင်း မြစ်ကြီးနားမြို့နယ်အတွင်း နေအိမ်ပြင်ပကို ထွက်ခွာတာ၊ စုဝေးတာတွေ  မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ 

ပထမကို ဗစ်ကာလ ဧပြီလကနေ စက်တင်ဘာလအထိ ညမထွက်ရအမိန့် ဖောက်ဖျက်တဲ့သူ ၁၈၆ ယောက်ကို အရေးယူထားပြီး အခုစစ်ဆေးတွေ့ရှိလို့ စည်းကမ်း မလိုက်နာခဲ့ရင်လည်း အရေးယူသွားမှာဖြစ်ပါတယ်လို့ မြစ်ကြီးနားမြို့နယ် ရဲမှူးမြင့်မိုးက ပြောပါတယ်။ 

အောက်တိုဘာ ၁၉ ရက် အထိစာရင်းအရ မြစ်ကြီးနားမြို့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၄ ယောက်ရှိပါတယ်။

သတင်း - မီးမီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013