DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ အာမခံလုပ်သား ၆ သိန်းခွဲခန့် လူမှုဖူလုံရေးထောက်ပံ့ငွေ ထုတ်ယူရန် ကျန်ရှိနေ
DVB
·
October 19, 2020
ရန်ကုန်ရှိ အာမခံလုပ်သား ၆ သိန်းခွဲခန့် လူမှုဖူလုံရေးထောက်ပံ့ငွေ ထုတ်ယူရန် ကျန်ရှိနေ
Donate to DVB

ရန်ကုန်တိုင်းအတွင်း ကျန်းမာရေးဌာနရဲ့ stay at home အစီအစဉ်မှာ အကျုံးဝင်ပြီး လူမှုဖူလုံရေး အထောက်အပံ့ ခံစားခွင့်ရှိတဲ့ အာမခံလုပ်သား ၈ သိန်းကျော် ရှိရာမှာ လုပ်သား ၆ သိန်းခွဲလောက်အတွက် လျှောက်ထားဖို့ ကျန်နေသေးတယ်လို့ လူမှုဖူလုံရေးအဖွဲ့က သိရပါတယ်။ 

အစိုးရက လုပ်သား ၈ သိန်းကျော်အတွက် ထောက်ပံ့ငွေကျပ် ဘီလီယံ ၆၀ ကျော်ကို ထောက်ပံ့ပေးနိုင်ဖို့ လျာထားပြီး အဲ့ဒီအထဲကမှ အောက်တိုဘာ ၁၈ ရက်အထိ အကျိုးခံစားခွင့် ငွေထုတ်ပေးလိုက်ရတဲ့ လုပ်သား တစ်သိန်းခွဲကျော်သာ ရှိနေသေးတာပါ။

Stay at home ကာလ လူမှုဖူလုံရေးထောက်ပံ့ငွေပေးအပ်တဲ့ အစီအစဉ်မှာဆိုရင် ရန်ကုန်တိုင်းက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၁၀,၀၀၀ လောက် အကျုံးဝင်အကျိုးခံစားခွင့်ရရှိမှာဖြစ်ပြီး လုပ်သားတွေအတွက် ဒီအကျိုးခံစားခွင့်ငွေကြေးရရှိဖို့ကို လုပ်ငန်းရှင်တွေက လျှောက်ထားပေးရမှာပါ။ 

ဒါပေမဲ့ လက်ရှိမှာ လျှောက်ထားလာတဲ့ စက်ရုံအလုပ်ရုံအလုပ်ဌာန ၂၆၀၀ ကျော်သာ ရှိပါသေးတယ်။ 

ဒါ့အပြင် တချို့ မြို့နယ်အလိုက်ရှိ လူမှုဖူလုံရေးအဖွဲ့ရုံးခွဲတွေမှာ လျှောက်ထားတဲ့ စက်ရုံ အလုပ်ရုံတွေအနေနဲ့တော့ ဒီရုံးခွဲ ဝန်ထမ်းတွေမှာပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေနဲ့ ကွာရန်တင်းဝင်ရသူတွေ ရှိလာတဲ့အတွက် အခြေအနေမသိရတဲ့ အနေအထားဖြစ်နေတယ်လို့ အလုပ်သမားသမဂ္ဂတချို့က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေတွေကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေအပါအဝင် အလုပ်ဌာနတွေကိုပါ Stay at home အစီအစဉ်နဲ့နေဖို့၊ ကုန်ကြမ်းယူ၊ ကုန်ချောပေးလုပ်နေတဲ့ CMP စက်ရုံ အလုပ်ရုံတွေပါ ပိတ်ဖို့ ညွှန်ကြားခဲ့တဲ့ ကာလအတွက် ထောက်ပံ့ငွေအဖြစ် လူမှုဖူလုံရေးအာမခံ ထည့်ဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းကို ငွေကြေး အကျိုးခံစားခွင့်အဖြစ်ခွင့်ပြုထုတ်ပေးနေတာပါ။

ဒါကြောင့် လူမှုဖူလုံရေးထည့်ဝင်ငွေက အခြေခံလုပ်ခ အပေါ်အခြေခံပြီး တစ်လ ကျပ် ၁၄၄,၀၀၀ နဲ့ ထည့်ဝင်ငွေပေးသွင်းထားရင်တော့ ကျပ်  ၅၇,၆၀၀ ကျပ်ကို အကျိုးခံစားခွင့်ရမှာဖြစ်သလို ခွင့်ပြုထည့်ဝင်ငွေ အမြင့်ဆုံး ကျပ်  ၃ သိန်းနှုန်းနဲ့ ထည့်ဝင်ထားရင်တော့ ကျပ် ၁၂၀,၀၀၀ ကို အကျိုးခံစားခွင့်ရရှိမှာပါ။

ဇာခြည်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013