DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါ အမြန်စစ်ဆေးသည့် Test Kit ၁ သိန်းခန့် ကိုရီးယားက မြန်မာကို လှူဒါန်း
DVB
·
October 18, 2020
ကိုဗစ်-၁၉ ရောဂါ အမြန်စစ်ဆေးသည့် Test Kit ၁ သိန်းခန့် ကိုရီးယားက မြန်မာကို လှူဒါန်း
Donate to DVB

ကိုဗစ်-၁၉ ရောဂါကို အမြန်စစ်ဆေးတဲ့ Rapid Antigen Diagnostic Test Kit အခုရေ ၁ သိန်းလောက် ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို မနေ့က လှူဒါန်းလိုက်ပါတယ်။

Korea Inter-national Cooperation Agency (KOICA) ကနေ လှူဒါန်းတာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅ သိန်း တန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ ရောဂါစစ်ဆေးတဲ့ Standard Q COVID-19 Rapid Antigen Diagnostic Test Device အခုရေ ၉၅,၀၀၀ ဖြစ်ပါတယ်။

အဲဒီပေးအပ်ပွဲမှာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆောင်ဟွာက သူတို့နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်နေတုန်း ကူးစက်မှုအန္တရာယ်ကင်းကင်းနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေဆီ မျှဝေပေးခဲ့တယ်လို့ ပြောပါတယ်။

ကိုရီးယား သမ္မတနိုင်ငံအစိုးရ၊ ကိုရီးယားနိုင်ငံအခြေစိုက် ကုမ္ပဏီတွေနဲ့ လူမှုရေးအဖွဲ့အစည်း စုစုပေါင်း ၂၂ ခုက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် တန်ဖိုးရှိတဲ့ ဆေးပစ္စည်းကိရိယာနဲ့ ဓာတ်ခွဲပစ္စည်း ကိရိယာတွေ လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

Photo : Myanmaalinn

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013