DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်က စစ်ရှောင်ပြည်သူ ၁၈၀၀ ခန့် နေရပ်ပြန်၊ နေအိမ်ပျက်စီးသူများ ကျန်ရှိ
DVB
·
October 18, 2020
ကျောက်မဲမြို့နယ်က စစ်ရှောင်ပြည်သူ ၁၈၀၀ ခန့် နေရပ်ပြန်၊ နေအိမ်ပျက်စီးသူများ ကျန်ရှိ
1 / 4
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ပုံဝိုးတိုက်နယ်က စစ်ဘေးရှောင်ပြည်သူ ၁,၈၀၀ လောက် အောက်တိုဘာ ၁၇ ရက်နေ့က နေရပ်ပြန်ကြပြီး ပြည်သူအချို့ ကျန်ရှိသေးတယ်လို့ သိရပါတယ်။

ပုံဝိုးကျောင်းက ပြည်သူ ၇၀၀ လောက်၊ နောင်ကွမ်‌ ကျောင်းက ၁၀၀‌ လောက်၊ တောင်ထိပ်ကျောင်းက ၆၀၀‌ လောက်၊ ဟဲကွီကျောင်းက ၁၀၀ လောက်နဲ့ ကောင်းလန်းကျောင်းက ၄၀၀ လောက် စုစုပေါင်း ၁,၈၀၀ လောက် နေရပ်ပြန်သွားကြပြီး စိုက်ပျိုးထားတဲ့ စပါးတွေကို အချိန်မီ ရိတ်သိမ်းဖို့ ပြန်ချင်ကြတာလို့ သိရပါတယ်။

ကျန်ရှိနေတာကတော့ နမ့်မဟင်‌ဘုန်းကြီးကျောင်းမှာ ၁၅၀ လောက်၊ အုံဟစ်ကျောင်းမှာ ၄၀၀ ကျော်၊ ကောင်းမူးခံကျောင်းမှာ ၂၅၀ လောက်၊ နားစောင်းကျောင်းမှာ ၂၀၀ လောက်နဲ့ ခန့်ခဲကျောင်းမှာ ၃၀ လောက် ကျန်ရှိနေတယ်လို့ SNLD ကိုယ်စားလှယ်လောင်း စိုင်းကူးက ပြောပါတယ်။

တပ်မတော်စစ်ကြောင်းတွေ ရွာတွင်းနဲ့ ရွာအနီးအနားမှာ ကျန်ရှိတာကြောင့် မပြန်ရဲကြသူတွေနဲ့ နေအိမ်ပျက်စီးသွားတာကြောင့် မပြန်နိုင်ကြဘဲ ဖြစ်နေကြတာလို့ ဆိုပါတယ်။

ကျောက်မဲမြို့ သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီဝင် ကိုသားဇော်က “ဆန်တွေ လုံလောက်ပြီမို့လို့ တခြား လိုအပ်တာ ဖြည့်ဆည်းဖို့ စဉ်းစားနေပါတယ်။ ဥပမာ သူတို့က ရွာသားတွေရဲ့ ကျွဲ၊ နွားတွေ သေတာ၊ ကြက်၊ ဝက် သတ်စားတာ၊ အိမ်ဖျက်စီးတာ စသဖြင့် ပြောကြလို့ ရွာထဲဆင်းကြည့်ပြီး လုပ်ပေးနိုင်တာရှိရင် လုပ်ပေးဖို့ ကျနော်တို့ တင်ပြ တောင်းဆိုကြည့်မယ်” လို့ ပြောပါတယ်။

တပ်မတော်နဲ့ RCSS ကြား တိုက်ပွဲတွေ မရှိတော့တာ တပတ်လောက် ရှိလာပြီဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးတဲ့ နောင်ရှင်အုပ်စု၊ ဟဲကွီအုပ်စု အပါအဝင် ခေးနင်းအုပ်စုနဲ့ ပန်လော့အုပ်စုတို့ကို ရွေးကောက်ပွဲ ကျင်းပတော့မှာ မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ နေ့က ကြေညာထားပါတယ်။

သတင်း - Nang Sabai, Photo - Sai Ku/Saosu Saikda

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013