DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်မြို့နယ် ကျေးရွာအုပ်စု ၃ ခု၌ ရွေးကောက်ပွဲမကျင်းပသည့်အပေါ် ကန့်ကွက်
DVB
·
October 17, 2020
နမ့်ဆန်မြို့နယ် ကျေးရွာအုပ်စု ၃ ခု၌ ရွေးကောက်ပွဲမကျင်းပသည့်အပေါ် ကန့်ကွက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းက ကျေးရွာအုပ်စု ၃ ခုကို ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေမရှိကြောင်း ကော်မရှင်က ကြေညာခဲ့တဲ့အပေါ် ကန်ကွက်မှုတွေ ရှိနေပါတယ်။

တပ်မတော်က အပစ်ရပ် ‌ကြေညာထားသလို TNLA ကလည်း ရွေးကောက်ပွဲကို မနှောင့်ယှက်ဘူး၊ မစွက်ဖက်ဘူးလို့ ကြေညာထားတာကြောင့် မည်သည့် အရှုပ်အရှင်းမှမရှိဘဲ အခုလို မကျင်းပတာဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က လုံခြုံရေးကဏ္ဍအတွင်းရေးမှူး တာလှဖေက ပြောပါတယ်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ရွေးကောက်ပွဲမရှင် ဥက္ကဋ္ဌ ဦးစံအောင်က ပြည်ထောင်စုအဆင့်က လုပ်တာမို့ အကျိုးအကြောင်း မသိရသေးဘဲ အောက်တိုဘာ ၁၆ ရက်ည ကြေညာချိန်မှသာ သိရတာကြောင့်  ပြည်နယ်ကိုတော့ စာတင်ထားတယ်လို့ ပြောပါတယ်။

ဒီနေရာတွေက ကျင်းပနိုင်မယ့် အခြေအနေမရှိဆိုတာ မဟုတ်‌ပါဘူး။ လုံးဝကင်းရှင်းနေလို့ ရွေးကောက်ပွဲ ကျင်းပဖို့တောင် အဆင်သင့်ဖြစ်နေပါပြီလို့လည်း ပြောပါတယ်။

နမ့်ဆန်မြို့နယ် အခုပိတ်လိုက်တဲ့ နယ်မြေတွေမှာ ဆိုးဝါးတဲ့ အခြေအနေ၊ သောင်းကျန်းတဲ့အခြေအနေ အနေအထား ရှိတယ်လို့ မကြားရကြောင်း တအာင်းပရဟိတအဖွဲ့မှ ဒေါက်တာမျိုးသန့်ထွန်းက ပြောပါတယ်။

နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာအုပ်စု၊ မြို့သစ်ကျေးရွာအုပ်စု၊ ပန်နင်းကျေးရွာအုပ်စုနဲ့ မိုင်းကိုင်တမြို့နယ်လုံး၊ လားရှိုးမြို့နယ် မယ်အုပ်ကျေးရွာအုပ်စု အားလုံးကို ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေမရှိတာကြောင့် မကျင်းပတော့ကြောင်း ကော်မရှင်က အောက်တိုဘာ ၁၆ ရက်ညမှာ ကြေညာခဲ့တာလို့ ဆိုပါတယ်။

၂၀၁၉ နိုဝင်ဘာ ဒုတိယပတ်လောက်  တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်ဘေးရှောင် ၁,၀၀၀ ကျော်ဟာ နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာအုပ်စု၊ ပန်နင်းကျေးရွာအုပ်စုထဲက ခေးကွဲရွာတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးပါတယ်။

သတင်း - Nang Sabai ၊ Photo- TNP page

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013