DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် ညမထွက်ရအမိန့် ဆက်ထား၊ ကိုဗစ်တားမြစ်မိန့်များ ဖောက်ဖျက်ပါက အရေးယူမည်
DVB
·
October 17, 2020
မန္တလေးတိုင်းတွင် ညမထွက်ရအမိန့် ဆက်ထား၊ ကိုဗစ်တားမြစ်မိန့်များ ဖောက်ဖျက်ပါက အရေးယူမည်
Donate to DVB

မန္တလေးတိုင်းထဲမှာ ညမထွက်ရအမိန့်ကို ဆက်ထားမှာဖြစ်ပြီး တခြား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် တားမြစ်ထားတဲ့ အမိန့်တွေကိုလည်း ဖောက်ဖျက်ရင် အရေးယူမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

လူစုလူဝေးဖြစ်နိုင်တဲ့ အပန်းဖြေနေရာတွေ၊ ကစားကွင်း၊ နိုက်ကလပ်၊ ကာရာအိုကေ၊ အနှိပ်ခန်း၊ ရုပ်ရှင်ရုံ၊ အလှပြင်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းတွေကို ယာယီပိတ်ထားဖို့နဲ့ မပိတ်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ အောက်တိုဘာ ၁၆ ရက်စွဲနဲ့ထုတ်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။ 

ပြီးတော့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဆက်ထားမှာဖြစ်ပြီး မလိုက်နာရင် အရေးယူမယ်လို့ ထုတ်ပြန်ပါတယ်။

တိုင်းထဲမှာရှိတဲ့ တန်ခိုးကြီး ဘုရားစေတီတွေကို ဖူးမြော်ခွင့် မပြုသေးကြောင်းနဲ့ ဖူးမြော်ခွင့် တောင်းခဲ့ရင်လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြ ခွင့်ပြုချက်တောင်းပြီး ခွင့်ပြုချက်ရမှ ပြန်ဖွင့်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

စားသောက်ဆိုင်၊ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်တွေအပါအဝင် အစားအသောက်ရောင်းတဲ့ ဆိုင်အားလုံးဟာ ပါဆယ်စနစ်နဲ့ပဲ ရောင်းရမှာဖြစ်ပြီး ကျန်းမာရေးက ထုတ်ပြန်ထားတာတွေကို တိတိကျကျ လိုက်နာဖို့နဲ့ ညွှန်ကြားထားပါတယ်။

ပြီးတော့ မန္တလေးတိုင်းထဲကို ပြည်ပနဲ့ ပြည်တွင်းရောဂါကူးစက်တာ များတဲ့ မြို့နယ်တွေက ပြန်လာသူတွေကို သတ်မှတ်နေရာမှာ ၁၄ ရက် စောင့်ကြည့်မှာဖြစ်ပြီး အိမ်မှာလည်း ၇ ရက် စောင့်ကြည့်ခံရမယ်လို့ ဆိုပါတယ်။

လူစုလူဝေးနဲ့ ကျင်းပမယ့် ပွဲတော်တွေ၊ ပွဲလမ်းသဘင်နဲ့ လူမှုရေးလုပ်ငန်းတွေကို ယာယီနားထားဖို့လည်း အမိန့်မှာ ဖော်ပြထားပြီး ဒီအမိန့်ဟာ အရင်က ထုတ်ခဲ့တဲ့အမိန့်ကို လွှမ်းမိုးပယ်ဖျက်ပြီး အောက်တိုဘာ ၃၁ ရက်အထိ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013