DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု‌များကို ထိရောက်စွာအရေးယူရန် သမ္မတရုံး ထုတ်ပြန်
DVB
·
October 17, 2020
ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု‌များကို ထိရောက်စွာအရေးယူရန် သမ္မတရုံး ထုတ်ပြန်
Donate to DVB

ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုတွေကို တည်ဆဲဥပဒေ‌တွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့နဲ့ ‌နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးတွေကို အကြမ်းဖက်တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာ၊ အသွင်အမျိုးမျိုးနဲ့ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး စည်းရုံးတာ၊ ဆူပူမှုဖြစ်အောင် ဖန်တီးတာ၊ ရပ်ရွာအေးချမ်းသာယာရေးပျက်ပြားအောင် ကြံဆောင်တာ စတဲ့ တရားမဲ့ပြုကျင့်မှုတွေကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

အဲဒီလို တရားမဲ့ပြုကျင့်မှုတွေကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်‌ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ အဲဒီလက်အောက်က ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီး တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာအရေးယူဖို့ တိုက်တွန်းထားပါတယ်။ 

နိုင်ငံရေးပါတီတွေအနေနဲ့လည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာဖို့လိုသလို ကိုယ်စားလှယ်လောင်းတွေကလည်း သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေနဲ့နည်းဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ရမယ်လို့လည်း ပါရှိပါတယ်။ 

ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားပါတယ်။

သတင်း - လွင်မိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013