Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့် ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
October 15, 2020
121137675_2934710093335711_8683856240360730640_n
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၈၄/၁)နှင့်(၁၈၄/၂) ကြားမှာ ကုန်တင်ယာဉ်က တွဲကားကို ဝင်တိုက်တာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ အဖြူရောင်ကုန်တင်ယာဉ်က ရှေ့က မောင်းနေတဲ့ တွဲကားအား ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။ သာဂရအမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ကျား ၂ ဦးကို Highway Ambulance Rescue ယာဉ်နဲ့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို တင်ပို့ခဲ့ပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ သိရပါတယ်။ သေဆုံးသူ (ကျား) ၁ ဦးကိုတော့ သာဂရမြို့မ ပရဟိတနာရေးကူညီမှုအသင်းက သူနာတင်ယာဉ်နဲ့ ဆွာမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024