DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ အမြန်စစ်ဆေးနိုင်သည့် Test Kits ၇၀၀၀ ခန့်ထပ်မံဖြန့်ဝေမည်
DVB
·
October 14, 2020
မကွေးတိုင်းတွင် ကိုဗစ်-၁၉ အမြန်စစ်ဆေးနိုင်သည့် Test Kits ၇၀၀၀ ခန့်ထပ်မံဖြန့်ဝေမည်
Donate to DVB

မကွေးတိုင်းဒေသကြီးအတွက်  ကိုဗစ်-၁၉ ရောဂါ အမြန်စစ်ဆေးနိုင်တဲ့ Test Kits အရေတွက် ၇၀၀၀ ခန့်ထပ်မံဖြန့်ဝေပေးမယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။

မကွေးတိုင်းထဲက မြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ နာရီပိုင်းအတွင်းစစ်ဆေးနိုင်တဲ့ Test Kits ၄၀၀၀ မူလက ဖြန့်ဝေပြီး အောက်တိုဘာလ ၅ ရက်နေ့က စတင် စစ်ဆေးပေး နေကာ နောက်ထပ် ၇၀၀၀ လောက် ထပ်မံဖြန့်ဝေပေးဖို့ရှိနေတာပါ။

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက"ရွေးကောက်ပွဲမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ သင်တန်းတက်နေတဲ့ အထူးရဲတွေ ကိုလည်း Test Kits အရေအတွက် ၅၀၀၀ ဖြန့်ဝေပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး ပေးနေတယ်။ ကိုဗစ်ရောဂါ ကာကွယ်ကုသရေးပစ္စည်းတွေကိုလည်း သက်ဆိုင်ရာမြို့နယ်အလိုက် အလုံအလောက်ဖြန့်ဝေပေးထားပြီး အတည်ပြုလူနာတွေကို သီးခြားကုသမယ့်နေရာတွေ လုံလောက်အောက် ကြိုတင်ပြင်ဆင်ထားတယ်”လို့ ပြောပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ပိုမိုများပြားလာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ မဖြစ်မနေထွက်ရမယ်ဆိုရင် နှာခေါင်းစည်း Mask တပ်ဆင်ဖို့၊ ဟန်းဂျယ် သုံးဖို့၊ လက်ဆေးဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို အထူးလိုက်နာဖို့  တိုက်တွန်း ထားပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ အောက်တိုဘာ ၁၃ ရက် ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁၉ ဦးရှိပြီးတော့ ဆေးရုံဆင်းခွင့်ရရှိသူ ၉၇ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013