DVB Logo
Home
မြန်မာသတင်း
နေတိုး၊ မိုးစက်ဝိုင်နှင့် ထိုင်း၊ ဂျပန်သရုပ်ဆောင်များပါဝင်သည့် “ကောင်းကင်မရှိတဲ့ကြယ်”ရုပ်ရှင်ပုံရိပ်တချို့(ဓာတ်ပုံ)
DVB
·
October 14, 2020
နေတိုး၊ မိုးစက်ဝိုင်နှင့် ထိုင်း၊ ဂျပန်သရုပ်ဆောင်များပါဝင်သည့် “ကောင်းကင်မရှိတဲ့ကြယ်”ရုပ်ရှင်ပုံရိပ်တချို့(ဓာတ်ပုံ)
1 / 8
Donate to DVB

ပရိသတ် အချစ်တော် သရုပ်ဆောင်မင်းသား နေတိုး၊ အလှမယ် မိုးစက်ဝိုင်တို့ အပါအဝင် ထိုင်းနဲ့ ဂျပန်သရုပ်ဆောင်တွေ ပါဝင်ထားကြတဲ့ “ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ကားရဲ့ မြန်မာပြည်တွင်း ၈ လကြာ ရိုက်ကူးမှုတွေ ပြီးစီးသွားခဲ့ပြီး ထိုင်းနိုင်ငံမှာ အချိန် ၁ လကြာ ဆက်လက်ရိုက်ကူးသွားဖို့ ရှိနေပါတယ်။

ဒီကားကိုတော့ Myanmar Media 7 Film Production က ထုတ်လုပ်တာဖြစ်ပြီး လွင်မင်းအံ့ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို နာမည်ကြီး “မုန်းစွဲ”ရုပ်ရှင်နဲ့ အကယ်ဒမီဆုရ ဒါရိုက်တာ သြရသက တာဝန်ယူရိုက်ကူးနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၅ ခုနှစ် ဝန်းကျင်ကာလ တော်လှန်ရေးတခုကို အခြေခံပြီး ဖန်တီး ရိုက်ကူးမယ့် ဒီရုပ်ရှင်ထဲမှာတော့ နိုင်ငံသုံးနိုင်ငံက အနုပညာရှင်တွေပါဝင်မှာဖြစ်ပြီး နေ တိုး၊ မိုးစက်ဝိုင်တို့နဲ့အတူ မြန်မာသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ စိုင်း စိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ အေးမြတ်သူ၊ နွယ်ဒါလီထွန်းတို့နဲ့ ထိုင်းသရုပ်ဆောင် မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Ken PhuPhoom Pongpanu၊ Korn Kang၊ Smile Parada နဲ့ ဂျပန်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Yasuyuki Maekawa၊ Koji Yano၊ Emi Takei တို့က ပါဝင်သွားကြမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ၁ လကြာ ရိုက်ကူးသွားမယ့် ဇာတ်ဝင်ခန်းတွေမှာတော့ ဂျပန် သ ရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသမီး Emi Takei ၊ မင်းသားတွေ ဖြစ်ကြတဲ့ Yasuyuki Maekawa ၊ Koji Yano တို့က လာရောက်ပူးပေါင်းရိုက်ကူးသွားမယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကားထဲက ဇာတ်ကောင်တွေရဲ့ ပုံရိပ်တချို့ကို Myanmar Media 7 Film Production ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ပရိ သတ်တွေအတွက် မျှဝေပေးထားခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013