DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှားတွင် အလုပ်အကိုင်ဖန်တီးရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ
DVB
·
October 14, 2020
အင်ဒိုနီးရှားတွင် အလုပ်အကိုင်ဖန်တီးရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ
Donate to DVB

အင်ဒိုနီးရှားရဲ့ အငြင်းပွားဖွယ် အလုပ်အကိုင် ဖန်တီးရေး ဥပဒေနဲ့ပတ်သက်လို့ အောက်တိုဘာ ၁၃ ရက်က အစ္စလာမ်မစ်အုပ်စုတွေနဲ့ ကျောင်းသားအဖွဲ့ အယောက် ၁,၀၀၀ ကျော် ဆန့်ကျင် ဆန္ဒပြကြပါတယ်။

ဆန္ဒပြပွဲ ဒုတိယသီတင်းပတ်မှာ အလုပ်သမား အခွင့်အရေးတွေကို ထိခိုက်စေတယ်လို့ သူတို့ ယုံကြည်တဲ့ ဥပဒေသစ်ကို ကန့်ကွက်ဖို့ စုဝေးခဲ့တာပါ။

အလုပ်အကိုင်ဖန်တီးခြင်းဆိုတဲ့ ဥပဒေကြမ်းကို အောက်တိုဘာ ၅ ရက်က ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီအခါမှာ နိုင်ငံတဝန်းက ထောင်ချီတဲ့လူတွေက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပါ။

သူတို့က ဒီဥပဒေဟာ အလုပ်သမားအခွင့်အရေးကို ထိခိုက်ပြီး သဘာဝပတ်ဝန်းကျင် အကာအကွယ်တွေကို အားပျော့စေတယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် ပညာတတ်တွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အစ္စလာမ်မစ်အဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်းအသီးသီးက ဒီဥပဒေဟာ တိုင်ပင်ဆွေးနွေးမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးမှာ တိုင်ကြားဖို့ ကတိပြုကြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013