DVB Logo
Home
မြန်မာသတင်း
Project K  အဖွဲ့ကို ရန်ကုန်လေဆိပ်၌ ကန့်ကွက်ဆန္ဒပြ 
DVB
·
October 13, 2020
Project K  အဖွဲ့ကို ရန်ကုန်လေဆိပ်၌ ကန့်ကွက်ဆန္ဒပြ 
1 / 10
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ အာရှဂီတပွဲတော် Asia Song festival 2020 အပြီး မြန်မာနိုင်ငံကို ပြန်လာတဲ့ Project K အဖွဲ့ကို အောက်တိုဘာ ၁၃ ရက်ညပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး လူတစ်စုက စောင့်ပြီး ကန့်ကွက်ဆန္ဒပြ ကြပါတယ်။

ဆန္ဒပြတဲ့နေရာကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ လောက် ရောက်ရှိခဲ့ပြီး စာရွက်တွေ ကိုင်ပြီး ဆန္ဒပြသူတွေဟာ ည ၉ နာရီလောက်မှာ လူစုခွဲသွားခဲ့ပါတယ်။

 အောက်တိုဘာ ၁၀ ရက်နေ့က တောင်ကိုရီးယားမှာ ကျင်းပခဲ့တဲ့ အာရှဂီတပွဲတော်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေခဲ့တဲ့ Project K  အဖွဲ့ဟာ  ရွှေတိဂုံစေတီတော်ပုံရိပ် LED ပေါ်မှာ သီဆိုကပြ ဖျော်ဖြေခဲ့တယ်ဆိုပြီး  လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ဖျော်ဖြေပြီးမှ သိခဲ့ရတာဖြစ်ကြောင်း Project K  အဖွဲ့က ပရိသတ်တွေကို  တောင်းပန်လိုက်သလို  Asia Song Festival 2020 မှာ သူတို့အဖွဲ့ရဲ့ ဖျော်ဖြေမှု ရုပ်သံဗွီဒီယိုဖိုင်ကိုလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ ပြန်လည်ဖယ်ရှားပစ်ခဲ့ပါတယ်။

       “ကျွန်တော်တို့အားလုံးကလည်း ဗုဒ္ဓဘာသာဝင်တွေပါပဲ။ အောက်ခြေမှာ အခုလိုရှိ မှန်းသိရင် ကျွန်တော်တို့လည်း ထည့်ခိုင်းမှာမဟုတ်ပါဘူးဗျ) အောက်ခြေ LED မှာ ရွှေတိဂုံ‌စေတီတော်ပုံ ပေါ်နေတယ်ဆိုတာကို တစ်ကယ့်ဖျော်ဖြေရေးပြီးလို့ video ပြန်ကြည့်မှ သိခဲ့ရတာပါခင်ဗျ၊၊ Rehearsal အချိန်မှာရော ပွဲဖျော်ဖြေနေတဲ့အချိန်မှာပါ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစား‌ကြမယ် ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားပြီးဖျော်ဖြေခဲ့ကြတာပါ။ ပွဲပြီးလို့ ကြည့်မိတော့မှ အခုလိုပဲ ဖြစ်နေခဲ့တာပါဗျာ။ ကျွန်တော်တို့ Project K အဖွဲ့အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အခုလိုလွဲချော်မှုဖြစ်သွားခဲ့တဲ့ အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်... အားလုံးကိုလဲ ဒီကနေ အနူးအညွတ်တောင်းပန်အပ်ပါတယ်” လို့ Project K အဖွဲ့က သူတို့အဖွဲ့ရဲ့ လူမှုကွန်ရက်မှာ တောင်းပန်ထားပါတယ်။ 

လူငယ် မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှု တွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။

 Photo - Ye Myo Khant / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013