DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် ရွေးကောက်ပွဲလုံခြုံရေး အထူးရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
October 13, 2020
ဘိုကလေးတွင် ရွေးကောက်ပွဲလုံခြုံရေး အထူးရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ၂၀၂၀ ရွေးကောက်ပွဲလုံခြုံရေးအတွက် အထူးရဲသင်တန်းတက်ရောက်နေသူတွေကို အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက Rapid Test နဲ့ စစ်ဆေးရာ အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ  ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ဘိုကလေးမြို့နယ်မှာ မဲရုံ ၃၆၁ရုံ အတွက် အထူးရဲ ၃၆၁ဦး ထားရှိပြီး ၂၅၉ ဦးကိုတော့ ဘိုကလေးမြို့နယ်ရှိ သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီးမှာ သင်တန်း ပို့ချနေတာပါ။

အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှာ အထူးရဲ ၁၀၂ ဦးကို သင်တန်းပို့ချခဲ့ပြီး  ကိုဗစ်-၁၉ အမြန်စစ် ကိရိယာနဲ့ စစ်ဆေးခဲ့စဉ် မဂူကျေးရွာအုပ်စု သာယာကုန်းကျေးရွာသား အသက် ၂၅ နှစ်အရွယ် အထူးရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ  ကိုဗစ်-၁၉ ရောဂါ positive တွေ့ရှိခဲ့တာလို့ ဘိုကလေးမြို့မရဲစခန်းက သိရပါတယ်။

ပိုးတွေ့လူနာ အထူးရဲကို ဘိုကလေး ကုတင် ၁၀၀ ဆေးရုံသို့ တက်ရောက်ကုသစေပြီး သူနဲ့ထိတွေ့မှုရှိခဲ့တဲ့ အထူးရဲသင်တန်းသားတွေနဲ့ သင်တန်းနည်းပြ ဆရာတွေကို အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ ကွာရန်တင်း ထားရှိတယ်လို့  ဘိုကလေးမြို့မ ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘိုကလေးမြို့နယ်မှာ ကိုဗစ်-၁၉  အတည်ပြုလူနာ ၁၆ ဦးထိရှိခဲ့ပြီး ၁၄ ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့အတွက် ဆေးရုံဆင်းခွင့်ရသွာပြီဖြစ်ပါတယ်။

 လက်ရှိ ဘိုကလေး ကုတင် ၁၀၀ ဆေးရုံ မှာ  ကိုဗစ်-၁၉ ကူးစက်ခံရသူ အထူးရဲ အပါအဝင် ၂ ဦးကို ဆက်လက်ကုသပေးနေကြောင်း COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရပါတယ်။

တနင်္သာရီတိုင်း  ကော့သောင်းမြို့မှာလည်း အောက်တိုဘာ ၁၂ ရက်က ရွေးကောက်ပွဲ လုံခြုံရေးတာဝန်ယူမယ့် အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိလို့ သင်တန်းအတူတက်နေသူတွေကို ကွာရန်တင်းထားရှိမယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးက  သိရပါတယ်။

သတင်း -ထူးထူး

ဓာတ်ပုံ - ဘိုကလေးမြို့မ ရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013