DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံထုတ် Lianhua Qingwen တိုင်းရင်းဆေးကို ဝယ်ယူသုံးစွဲခြင်းမပြုရန် FDA ပြော
DVB
·
October 12, 2020
တရုတ်နိုင်ငံထုတ် Lianhua Qingwen တိုင်းရင်းဆေးကို ဝယ်ယူသုံးစွဲခြင်းမပြုရန် FDA ပြော
Donate to DVB

အွန်လိုင်းမှာ   ရောင်းချနေတဲ့  ကိုဗစ်-၁၉ ကာကွယ်ဖို့အတွက်ဆိုတဲ့   တရုတ်နိုင်ငံထုတ် တိုင်းရင်းဆေးဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဝယ်ယူ သုံးစွဲတာ မလုပ်ဆောင်ဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ကမ္ဘာမှာ  ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ Vaccine ကာကွယ်ဆေးမပေါ်သေးသလို ဖြန့်ဖြုးရောင်းချနေတာတွေ မရှိသေးပါဘူး။ အခုဆိုရင် တရုတ်နိုင်ငံထုတ် Lianhua Qingwen (လင်းချိချိဝမ်) ဆိုတဲ့ တိုင်းရင်းဆေးဝါးဟာ ကိုဗစ်-၁၉  ရောဂါကို သက်သာကာကွယ်စေတယ်ဆိုပြီး အွန်လိုင်းကနေဖြန့်ဖြူးရောင်းချလာတာတွေ ရှိနေပါတယ်။

ဒါ့ပြင် ဒီတိုင်းရင်းဆေးဝါးတွေကို တရုတ်ဘာသာစကားနဲ့ ရေးသားထားတာကြောင့် စိစစ်စစ်ဆေးဖို့ ခက်ခဲနေသလို လက်ရှိအချိန်ထိ တရားဝင်လျှောက်ထားတာ မရှိသေးဘူးလို့ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန၊ ဆေးဝါးထိန်းချုပ်ရေးဌာနခွဲ (နေပြည်တော်)ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ပြောပါတယ်။ 

တရုတ်နိုင်ငံထုတ်  Lianhua Qingwen (လင်းချိချိဝမ်)ဆိုတဲ့ တိုင်းရင်းဆေးဝါးဟာ   အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ထိရောက်စွာ ကုသပေးနိုင်တယ်လို့ ဖော်ပြထား ပါတယ်။  ဒီဆေးဟာ ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်ကတည်းက ပေါ်နေတဲ့ဆေးဖြစ်ပီး မူလတန်ဖိုး က တဘူးကို ကျပ် ၃၅၀၀ လောက်သာပေးရတာပါ။ 

ကိုဗစ်-၁၉ ကူးစက်ခံရမှုတွေမြင့်တက်လာချိန်မှာ အွန်လိုင်းတွေမှာ ဒီဆေးဟာ ကိုဗစ်-၁၉ ကို သက်သာကာကွယ်တယ်ဆိုပြီး ရောင်းချလာသလို တချို့ကလည်း ကြိုတင်ဝယ်ယူတာတွေ ရှိနေ ပါတယ်။  ဆေးစျေးကိုလည်း သတ်မှတ်တန်ဖိုးထက် ပိုမို ရောင်းချနေတာတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့  တရားမဝင်တင်သွင်းထားတဲ့ ဆေးဝါးတွေဟာ လူထုအတွက် အန္တရာယ်မကင်းနိုင် သလို ဘေးထွက်ဆိုးကျိုး သက်ရောက်မှုအပေါ် မသိရှိနိုင်ပါဘူး။  ဒါကြောင့် ပြည်သူ့အနေနဲ့  ကျန်းမာရေးကာကွယ်ရေးနည်းလမ်းတွေသာ လုပ်ဆောင်ပြီး အွန်လိုင်းကနေ ဘာမှန်းမသိ ရောင်း ချနေတဲ့ ဆေးဝါးတွေကို မသုံးစွဲသင့်ဘူးလို့ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန၊ ဆေးဝါး ထိန်းချုပ်ရေး ဌာနခွဲ (နေပြည်တော်)ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ဆိုပါတယ်။

“FDA  အနေနဲ့ အွန်လိုင်းကနေ တရားမဝင်ရောင်းချနေတဲ့ ဆေးဝါးနဲ့ ပတ်သက်ပြီး   သက်ဆိုင်ရာဌာနတွေနဲ့ သေချာစိစစ်လုပ်ဆောင်သွားမှာပါ။ ပြည်သူ့တွေအနေနဲ့ အခုလို ဆေးဝါးတွေကို သောက်သုံးပြီး ရောဂါမပျောက်ကင်းဘဲ တစ်ခုခုဖြစ်လာရင် တိုင်ကြားနိုင်တယ်” 

နိုင်ငံတစ်ဝန်းမှာ ဖြန့်ဖြူးရောင်းချနိုင်ဖို့ FDA  မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားဆေးဝါး အမျိုးအစားပေါင်း ၂၀၀၀၀ ကျော်ရှိနေပြီး   ဆေးဝါး  ၁၀၀၀၀ လောက်ပဲ ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေပါတယ်။

သတင်း - နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013