DVB Logo
Home
မြန်မာသတင်း
မွန်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၂၅ ဦးကို ထောင်ဒဏ် ၁ လစီ အမိန့်ချ 
DVB
·
October 12, 2020
မွန်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၂၅ ဦးကို ထောင်ဒဏ် ၁ လစီ အမိန့်ချ 
Donate to DVB

မွန်ပြည်နယ်မှာ ညမထွက်ရ အမိန့် ဖောက်ဖျက်သူ ၂၅ ဦးကို အလုပ်မဲ့ ထောင်ဒဏ် ၁ လစီ အမိန့်ချ အရေးယူထားတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာ  ညမထွက်ရ အမိန့်ကို စက်တင်ဘာ ၂၅ ရက်နေ့နဲ့ မော်လမြိုင်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်တို့မှာတော့ စက်တင်ဘာ ၂၉ ရက်နေ့က စတင် ထုတ်ပြန်ထားတာပါ။

ညမထွက်ရ အမိန့် ဖောက်ဖျက်သူတွေကို စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး စတင် အရေယူးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်နေ့အထိ ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ၂၅ ဦးကို အလုပ်မဲ့ ထောင်ဒဏ် ၁ လစီ အမိန့်ချမှတ်ခဲ့တာပါ။

ညမထွက်ရ အမိန့် ဖောက်ဖျက်သူတွေကို ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန် ကြေညားထာတဲ့ အမိန့်ကို ဖီဆန်ခြင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ နဲ့ အရေးယူနေတာ ဖြစ်ပါတယ်။

ညမထွက်ရအမိန့်အရ နေ့စဉ် ည ၁၂ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားတဲ့ အချိန်အတွင်း နေအိမ်အပြင်ထွက်ရင် အရေးယူခံရာမှာ ဖြစ်ပါတယ်။ ဒီညမထွက်ရ အမိန့်ဟာ စတင် ထုတ်ပြန်တဲ့ နေ့ကစပြီး ၂ လတိတိ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013