DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်က မဲဆန္ဒရှင် ၃၀၀ ကျော်ကို အွန်လိုင်းမှသင်တန်းပေး
DVB
·
October 12, 2020
မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်က မဲဆန္ဒရှင် ၃၀၀ ကျော်ကို အွန်လိုင်းမှသင်တန်းပေး
Donate to DVB

မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်အတွင်းက ၁၈ နှစ်ပြည့်ပြီးမဲပေးနိုင်တဲ့ မဲဆန္ဒရှင် ၃၀၀ ကျော်ကို Scholar Institute အဖွဲ့အစည်းကနေ မဲဆန္ဒရှင် အသိပညာပေး အွန်လိုင်း အခမဲ့သင်တန်း ပေးနေပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ မဲပေးခြင်းဆိုင်ရာတွေကို သိရှိနားလည်ပြီးတော့ ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ ပါဝင်မှုမြှင့်တက်လာဖို့အတွက် ရည်ရွယ်ဖွင့်လှစ်သင်ကြား ပေးတာဖြစ်တယ်လို့ Scholar Institute  ကပြောပါတယ်။

သင်တန်းတစ်ခုကို သင်တန်းသားဦးရေ ၂၅ ယောက်သတ်မှတ်ထားပြီးတော့ သင်တန်းကို တစ်ရက်တစ်ခုနှုန်းနဲ့ သင်တန်းကြာချိန်မှာ ၂ နာရီဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်မှ  နိုဝင်ဘာ ၃ ရက်အထိ သင်တန်းစုစုပေါင်း ၁၃ ကြိမ်သင်ကြားပေးမှာ ဖြစ်ပြီးတော့ သင်တန်းသားစုစုပေါင်း ၃၂၅ ယောက်ကို သင်ကြားပေးသွား မှာ ဖြစ်တယ်လို့သိရပါတယ်။

လတ်တလောအနေနဲ့ လျှောက်လွှာတွေ လက်ခံနေသေးတာကြောင့် မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်က သင်တန်းတက်ရောက်လိုတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ လျှောက်ထားနိုင်တယ်လို့ မဲဆန္ဒရှင်အသိပညာပေးသင်တန်းရဲ့ လက်ထောက်စီမံကိန်းတာဝန်ခံ မပိုးဖြူစင်က ပြောပါတယ်။

“အခုလက်ရှိထိတော့ form တွေလက်ခံနေသေးတယ်။ formတွေ မပိတ်သေးဘူး။ လျှောက်တဲ့ သင်တန်းသားဦးရေကလည်းများတယ်။ စီမံကိန်းရဲ့ Target ဧရိယာက ကျမတို့က မကွေးနဲ့ရခိုင်ကို အဓိကထားပြီးတော့ ခေါ်တာဖြစ်တဲ့အတွက် မကွေးရော ရခိုင်ရောက သင်တန်းသားတွေ အကုန်လျှောက်ကြတယ်ပေါ့နော်။ မကွေးတိုင်းမှာဆိုရင် တိုင်းဒေသကြီး တစ်ခုလုံးကလူတွေ လျှောက်ကြတာပေါ့နော်”

မဲဆန္ဒရှင် အသိပညာပေး အွန်လိုင်းသင်တန်းကို Zoom Application အသုံးပြု သင်ကြားပေးနေတာဖြစ်ပြီးတော့ သင်တန်းကြေးက အခမဲ့ဖြစ်တယ်လို့သိရပါတယ်။ 

သင်တန်း တက်ရောက်သူတွေကိုဖုန်းဘေလ် ပြန်လည် ပံ့ပိုးပေးတဲ့အပြင် သင်တန်းအတွင်း သင်ကြားထားတဲ့ power point တွေကိုလည်း messenger groupထဲတွင် ပြန်လည်မျှဝေ ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာသင်ကြားပေးတဲ့သင်ခန်းစာတွေကတော့ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုတာ ဘာလဲ၊ လွှတ်တော်ဘယ်နှစ်ရပ်ကို မဲပေးရမှာလဲ၊ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ဘာတွေကို သိထားသင့်လဲ၊ ဘာကြောင့် ရွေးကောက်ပွဲမှာ ပြည်သူတွေပါဝင်ဖို့ အရေးကြီးပါသလဲ၊ ရွေးကောက်ပွဲစက်ဝန်းမှာ ဘယ်လိုအချက်တွေပါလဲ၊ ကိုဗစ်ကာလမှာ ပြည်သူတွေအနေနဲ့ ဘယ်လို မဲပေးရမယ်ဆိုတဲ့ အချက်တွေကို သင်ကြားပေးတာဖြစ်ပါတယ်။

သတင်းတန်းပေးတဲ့ Scholar Institute အဖွဲ့အစည်းဟာ ဥရောပသမဂ္ဂရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ဆောင်ရွက်နေတာဖြစ်ပြီးတော့ ရှေ့သို့မြန်မာစီမံကိန်း (STEP Democracy)ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့သိရပါတယ်။

သတင်း - အိဝါမောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013