DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ၅ လအရွယ်ကလေးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦး ထပ်တွေ့
DVB
·
October 12, 2020
မကွေးတိုင်းတွင် ၅ လအရွယ်ကလေးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦး ထပ်တွေ့
Donate to DVB

မကွေးတိုင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ၅ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ရန်ကုန်ပြန် ၁၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ရန်ကုန် NHL ရဲ့ဓာတ်ခွဲစစ်ဆေးချက်အရ မြို့သစ်မြို့နယ်က ၈ ဦး၊ ပွင့်ဖြူမြို့နယ်က ၁ ဦး၊ မင်းဘူးမြို့နယ်က ၁ ဦး၊ Test Kit နဲ့ အမြန်စစ်ဆေးချက်အရ စလင်းမြို့နယ်က ၅ လသား အရွယ် ကလေးငယ် ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ တိုင်းကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

အဲဒီအတည်ပြုလူနာတွေဟာ ရန်ကုန်တိုင်းဒေသကြီးက ပြန်လာတာဖြစ်ပြီး သက်ဆိုင်ရာ Quarantine စင်တာတွေမှာ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

လူနာတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ဆေးကုသပေးနေပြီး စလင်းမြို့နယ်က ၅ လသား အရွယ်ကလေးငယ်ကိုတော့ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ အထူး ကြပ်မတ်ကုသပေးနေတယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

မကွေးတိုင်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့ ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၈ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၅၆ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013