DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ကိုဗစ်လူနာသစ် ၁၉၀၆ ဦးတွင် လှိုင်သာယာက ၃၃၁ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
October 11, 2020
ရန်ကုန်တိုင်း ကိုဗစ်လူနာသစ် ၁၉၀၆ ဦးတွင် လှိုင်သာယာက ၃၃၁ ဦးဖြင့် အများဆုံးတွေ့ရှိ
Donate to DVB

အောက်တိုဘာ ၁၀ ရက်နေ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁၅၈ ဦးမှာ ရန်ကုန်တိုင်းက ၁၉၀၆ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းထဲ ကိုဗစ်-၁၉ ပိုးတွေ့ ၄၂ မြို့နယ်ထဲမှာတော့ လှိုင်သာယာက ၃၃၁ ဦးနဲ့ အများဆုံးတွေ့ရှိခဲ့ပါတယ်။

မင်္ဂလာဒုံက ၂၁၁ ဦး၊ ရွှေပြည်သာက ၁၇၂ ဦး၊ မြောက်ဥက္ကလာပက ၁၅၈ ဦး၊ လှိုင်က ၈၇ နဲ့ သန်လျင်က ၈၁ ဦးနဲ့ ရန်ကုန်တိုင်းထဲ ပိုးတွေ့မြို့နယ်တွေထဲ အများဆုံး တွေ့ရှိခဲ့ပါတယ်။

ပဲခူးတိုင်း ၁၃ မြို့နယ်က ၇၇ ဦး၊ မန္တလေးတိုင်း ၁၀ မြို့နယ်က ၃၉ ဦး၊ မွန်ပြည်နယ် ၄ မြို့နယ်က ၂၉ ဦး၊ မကွေးတိုင်း ၆ မြို့နယ်က ၂၆ ဦး၊ ဧရာဝတီတိုင်း ၁၀ မြို့နယ်က ၂၃ ဦး၊ ရခိုင်ပြည်နယ် ၇ မြို့နယ်က ၂၃ ဦး၊ ချင်းပြည်နယ် တွန်းဇံမြို့က ၁ ဦး၊ စစ်ကိုင်းတိုင်း ၃ မြို့နယ်က ၁၉ ဦး၊ ကရင်ပြည်နယ် ၄ မြို့နယ်က ၆ ဦး၊ နေပြည်တော် ၃ မြို့နယ်က ၅ ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ၃ မြို့နယ်က ၃ ဦး၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်က ၁ ဦး၊ စုစုပေါင်း ၂၁၅၈ ဦး တွေ့ရှိခဲ့တာပါ။

အောက်တိုဘာ ၁၀ ရက်နေ့ တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာ ၂၁၅၈ ဦးမှာ အနံ့မရသူ ၂၆၂ ဦး ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၆,၀၆၄ ယောက်၊ သေဆုံးသူ ၅၉၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇,၀၅၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013